"ကျွန်တော်တို့ ပြန်တွေ့ကြပြန်ပြီနော် ကိုကို"
မာထျန်းယွီ အမေနှင့် စကားပြောပြီးနောက်ပိုင်း ရှောင်မာ့ကို သိသိသာသာရှောင်ခဲ့သည်..။တက္ကသိုလ်ဝင်ခွင့်အတွက် စာမေးပွဲဖြေရတော့မှာကြောင့် စာကိုသာ ဖိလုပ်ခဲ့တာလည်း ပါသည်..။ သူ ရှောင်မာ့ကို ဒီနှစ်တွေအတွင်း သတိမရခဲ့ပါချေ..။
နောက်တော့ လိုချင်ခဲ့တဲ့ ဘေကျင်းစီးပွားရေးတက္ကသိုလ်မှာ လူသားအရင်းအမြစ် စီမံခန့်ခွဲရေးဌာနမှာ တက်နေရင်း စာရင်းအင်းဌာနမှာ တက်နေခဲ့သော ချိုနှင့် ပြန်တွေ့ကာ အဆက်အသွယ်ပြန်ရလာခဲ့ပြန်သည်ပင်..။
ချိုနှင့် ထျန်းယွီတို့၏ ဆက်ဆံရေးက သာမာန်သူငယ်ချင်းအဆင့်တို့ မဟုတ်တော့..။ ထျန်းယွီဘက်က ရှေ့ဆက်တိုးရင် ခြေတစ်လှမ်းအလိုသာ ကျန်တော့သည့်အဆင့်သို့ပင်ရောက်ခဲ့လေပြီ..။
ဒီနေ့တော့ ထျန်းယွီ ချိုကို ဖွင့်ပြောဖို့ ဆုံးဖြတ်ချက် ချလိုက်တော့သည်..။ ချို့ဘက်ကလည်း မီးစိမ်းပြနေခဲ့သည်လေ..။
"အန်တီ လီလီပန်းတစ်စည်းကို လှလှလေး ထုတ်ပေးပါနော် "
"ကောင်မလေးက လီလီပန်း ကြိုက်တယ်နဲ့ တူတယ်"
"လီလီပန်း ကြိုက်တာတော့ ဟုတ်တယ် ကောင်မလေးတော့ မဟုတ်သေးဘူးဗျ.ဟီး"
"ဒါဆို ဖွင့်ပြောမှာပေါ့လေ"
ပန်းသည်အန်တီကြီးရဲ့ ပြုံးစိစိ စကားကြောင့် မာထျန်းယွီပင် ရှက်လာရသည်..။
ပန်းသည်အန်တီကြီးက လှလှပပလေး ထုတ်ပေးမည်ဖြစ်ကြောင်း သေချာပြောပြီးမှ လီလီပန်း လှလှလေးများကို သွားရွေးပေးနေတော့သည်ပင်..။
"ကိုကို?"
မာထျန်းယွီ တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားတော့သည်..။
ရင်းနှီးသော အသံ ရင်းနှီးနေတဲ့ ခေါ်ပုံကြောင့် သူ လှည့်ကြည့်စရာပင်မလိုပါချေ..။
သူ နှစ်နှစ်ကျော်လောက် ရှောင်နေခဲ့သော ရှောင်မာ..။