+++Unicode++++
🌸
ဒီနေ့ ရက်လတစ်လ၏ လပြည့်ည အစ။
ပုံမှန်လို ခြေလျင်သွားသည့်နေရာကို ရောက်ချင်စိတ်ဇောဖြင့် မြင်းညိုဖြင့်ခရီးနှင်လာခဲ့သည်။
တောင်ကုန်း၏အစွန်း ချယ်ရီပင်အောက်မှာသာ မြင်းကိုချီနှောင်၍ ပုလွေကို စတင်မှုတ်သည်။
"အရှင့်သား ပုလွေမှုတ်တဲ့နေရာမှာ အရင်ကထက်ကျွမ်းကျင်လာသလိုပဲ။"
ကျောနောက်မှ ဂျုံဆောင်းအသံကိုကြားသည်နှင့် ဆောင်ဟွန်းဆွဲဖက်ပစ်လိုက်သည်။
လွမ်းတယ် အပြာရောင် ခန္ဓာကိုယ်လျလျလေးကို။
လွမ်းတယ် ချယ်ရီသင်းသင်း မွှေးရနံ့ကို။
လွမ်းတယ် သူ့စကားသံချိုချိုကို။
လွမ်းတယ် သူ့ပုလွေသံစဉ်ချိုချိုကို။"အရှင့်သား ကျတော့်ကိုလွတ်ပါအုံး။"
"တောင်းပန်ပါတယ်"
နှစ်ယောက်သား ချယ်ရီပင်အောက်မှာထိုင်ကာ။
"ညဘက်တွေအိပ်စက်ရတာ ပျော်ရဲ့လား အရှင့်သား?။"
"အွန်း ကောင်းကောင်းမွန်မွန်အိပ်ပျော်တယ်။"
"အဲ့ဒါ ကျတော့်ရဲ့ချယ်ရီတွေကြောင့်ဖြစ်မယ်။"
"ချယ်ရီ ?"
ဂျုံဆောင်း ခေါင်းညိတ်ပြသည်။
သို့သော် ဆောင်ဟွန်းက တခုခုကိုအလိုမကျသလို။
"ကိုယ်ပိုပြီးနှစ်ခြိုက်စွာ အိပ်ပျော်ဖို့ မင်းပဲကူညီလို့ရလိမ့်မယ်။"
"ဘယ်လိုများလဲ?"
ကိုယ့်နံဘေးမှာ ထိုင်နေသည့် ဂျုံဆောင်းပေါင်ပေါ်သို့ ခေါင်းအုံးလိုက်ပြီး။
"ကိုယ့်ကို ချော့သိပ်ပါအုံး"
ဂျုံဆောင်းသဘောတကျပြုံးရယ်လျက် ပုလွေသံစဉ်ကို စတင် တီးမှုတ်သည်။
တကယ်ပဲ ဆောင်ဟွန်းအိပ်ပျော်သွားသည်အထင်ဖြင့် ဂျုံဆောင်း အိပ်ပျော်နေသည့် ဆောင်ဟွန်းနှုတ်ခမ်းတို့ထံ တိုးကပ်သွားမိသည်။
ကိုယ့်နှုတ်ခမ်းတွေ နွေးသွားတယ်။အခုထိနွေးနေသေးတယ်။ကိုယ့်ကို ဂျုံဆောင်း နမ်းလိုက်တာလား?။
YOU ARE READING
𝖡𝗅𝗎𝖾 𝖬𝗈𝗈𝗇
Fantasy---Horang Suwolga--- Oh blue moon!, my old pretty moon! Fall into my shining hand Wander around my silvery sleeve Moisten these burned lips just once