ချစ်ရပါသော မောင်ရေ
ငယ်မနေ့ညက အိမ်မတ်တစ်ခုမတ်မိတယ်သိလား ငယ်သိပ်ကြိုက်တဲ့ အဖြူရောင် ရှပ်လေးနဲ့ မောင့်ငယ်ကိုရယ်ပြနေတာ
နောက်ပီး ငယ်သဘောအကျဆုံးဖြစ်တဲ့ သွားစွယ်လေးတွေ တလက်လက်တောက်ပနေတဲ့
မျက်ဝန်း လေးတွေ ငယ်လေမနိုးထချင်တော့ဘူးသိလားမောင်မောင်တစ်ခါကပြောဖူးတယ်လေ "လူတွေက
ကိုယ်မလုပ်နိုင်တော့တဲ့အရာတွေ မဖြစ်နိုင်တော့တဲ့စိတ်ကူးတွေ ကိုအိမ်မတ်တွေ အဖြစ်ပြောင်းလဲပစ်တယ်"ဆိုတာလေ ငယ်အဲ့လိုပဲ
အိမ်မတ်တွေအဖြစ်ပြောင်း လဲပစ်တာနဲ့တူတယ်မောင်ငယ်နိုးထလာတဲ့ မနက်ခင်းတိုင်းမောင့်ရဲ အပြုံးချိုချိုလေးတွေ အနမ်းတွေနဲ့ ဝေးခဲ့တာလည်းကြာပီနော်မောင်
ဘာရယ်လို့မဟုတ်ပါဘူး ဒီစာလေးက မောင့်ကို တမ်းတမိလို့ရေးလိုက်တာနော်မောင်
ငယ်တို့ မြန်မာ လူမျိူးဗုဒ္ဓဘာသာ တွေဟာသူတပါးသားမယားအပေါ် စိတ်နဲ့တောင် မပြစ်မှားရဘူးတဲ့မောင်ဘာသာကွဲဖြစ်တဲ့မောင်ကတော့သိမှာမဟုတ်
ပါဘူးနော် ငယ်ကတော့ သိသိရက်နဲ့ တမ်းတမိခြင်းတွေ လွမ်းဆွတ်ခြင်းတွေနဲ့ နေသားကျနေတယ်မောင်ဟိုအရင်တုန်းက မောင်နဲ့တွေ့ပီးလို့ အိမ်ပြန်ရင် မောင်က"မောင်ရဲ့မြတ်နိုးရာလေး အိမ်ကိုကောင်းကောင်းပြန်နော်" ပြောပီး နူတ်ဆက်တာလေ ငယ်ကတော့ ပီးပီးရော့ "Good buy မောင်ရေ"လို့ ပြောတာလေ မောင်က စိတ်တွေဆိုးပီး ငယ့်ကို မပြောရဘူးလို့ပြောတာ
ငယ်ကဘာဖြစ်လဲ လို့မေးတာလေမောင်က မောင်ကြည့်ဖူးတဲ့ ကုလားကားထဲကအတိုင်း ဖြစ်မှာဆိုးလို့ဆိုပီးပြောတာလေ
အဲ့နောက်ငယ်လည်း မောင်က "မောင်ရဲ့ မြတ်နိုးရာလေးအိမ်ကိုကောင်းကောင်းပြန်နော်"လို့ပြောရင် ငယ်က "မောင်လည်းကောင်းကောင်းပြန်"လို့ပဲ ပြောခဲ့တာလေနော်မောင်အခုတော့ငယ်ပြောခဲ့ရ အုံးမယ်မောင်
နောက်ပီး မောင့်က လိမ်ရင်မကြိုက်တာမို့
ငယ်ဝန်ခံရအုံးမယ် မောင်ပြောတယ်လေ "မောင်ကို မေ့လိုက်တော့ ချစ်လွန်းဘုန်ခ" ဆိုပီးတော့ လေ"ငယ်"လို့တောင်မခေါ်တော့တဲ့ မောင့်ကို နည်းနည်းတော့ စိတ်ဆိုးမိပေမဲ့ ငယ်လေ တစ်ခါမှမေ့မရဘူးမောင်