မောင့်ထံပါး.....(2)

62 2 0
                                    

မလွမ်းတော့ဘူးဆုံးဖြတ်ထားပေမဲ့
လွမ်းနေတုန်းပဲမောင်

ငယ်အဖြစ်ကလည်း ဆက်ရန်မရှိပါ လို့စာတန်းထိုးထားတဲ့ ရုပ်ရှင်တစ်ပိုဒ်ကို
မျှော် နေမိတဲ့ကလေးတယောက်လိုပါပဲ

ဒါနဲ့လေ ငယ်မနေ့က စျေးသွားခဲ့တယ်သိလား ကုန်စိမ်းဆိုင်က အန်တီကြီးကမေးတယ်
မောင် "ချစ်လွန်းလေးရဲ့ အစ်ကို​ပြန်မလာသေးဘူးလား" တဲ့ ငယ်ဘယ်လိုဖြေရမလဲမောင်
အန်တီကြီးကပြောသေးတယ်
"အဲ့ကောင်လေးက တအားစျေးစစ်တက်တာမိန်းမကြီးကျနေတာပဲ ငါ့မှာသူတစ်ခါ စစ်တိုင်းလန့်လန့်နေရတယ်"
ငယ်ဘာပြောခဲ့လဲသိလားမောင်
တစ်ခါမှသူများကိုအသံမာမာမပြောဘူးတဲ့ငယ်ကလေ အဲ့အန်တီကြီးကိုလေ "ဒီမှာအန်တီ သူများအစ်ကို့ကို မိန်းမကြီးလို့မပြောပါနဲ့
စျေးဆိုတာလည်း စစ်တက်မှတန်ခါကျတယ်
အန်တီရဲ့!!" ပြောပစ်လိုက်တယ် မောင်ရေ

နောက်တစ်ခါ မောင်နဲ့အတူ စျေးသွားရင်အဲ့ဆိုင်မှာ မဝယ်ကျရအောင်မောင်
ငယ်အဲ့နေက စျေးမဝယ်ခဲ့ဘူးမောင် ခြင်းအလွတ်နဲ့ပြန်လာတဲ့ငယ်ကို ဘေးအခန်းက
အန်တီကြီးက မေးဖိုးပြင်ပေမဲ့ မမေးခဲ့ဘူးမောင်
ငယ်တို့အကြောင်း အစဆုံးသိနေတဲ့ အန်တီကြီးက သနားသလို လှောင်သလိုကြည့်နေတယ်မောင်

မောင် မှတ်မိသေးလားမသိဘူး ငယ်တို့ပထမနှစ် ဒုတိယအဖြတ်မှာ လေ မောင့်နားမှာအမြဲလိုလိုရှိနေတဲ့ငယ်ကို classBက ကောင်တွေက ငယ်တိုသူတို့ class နားကဖြတ်သွားရင်
"ဟေ့ဟိုမှာ ဘုန်ရှိန်ထည်ဝါ ရဲ့ ကပ်ပါးလေး လာနေပီ " ဆိုပီး သနားသလိုလှောင်သလိုလို
အကြည့်နဲ့ အမြဲစတာလေ နောက်ရက်ကျရော့ အုပ်စုလိုက်ကျောင်းပြောင်းသွားကြတာလေ အဲ့နေ့ အသံလွှင့်ခန်းကနေ မောင်ရဲ့
"ချစ်လွန်းဘုန်းခ ကို ဘုန်းရှိန်ထည်ဝါရဲ့ ကပ်ပါးကောင်လိုပြောသူမှန်သမျှ ဟိုအုပ်စုလို့ဖြစ်သွားမယ်" လို့ပြောတာလေ အဲ့ကျမှ
မောင် လုပ်ရပ်မှန်းသိသွားကြတာ
ပြောချင်တာကလေ အဲ့လိုပဲ ငယ်ကိုသနားသလို လှောင်သလိုကြည့်တဲ့ အဲ့အန်တီကြီးကို
မောင်လာမှ မောင်းထုတ်ပေးနော် ငယ်အဲ့အန်တီကြီးကိုသိပ်မုန်းတာပဲ ငယ်ရဲ့ကွယ်ရာမှာ လေ "လိင်တူခြင်းကြိုက်တယ်ဆိုတာအလကား ခဏတာ အပေါ်ယံတွေ ရေပေါ်ဆီ တွေ" ဆိုပီး တိုက်တစ်ခုလုံး လျှောက်ပြောနေတာ မောင်ဆက်ဆက်မောင်း ထုတ်ပေးရမှာနော်
အိမ်မှာလည်း အသင်စားခေါက်ဆွဲတွေပဲ
ပြည့်နေတယ်မောင်
မောင်ရဲ့ "အသင်စားတွေခဏခဏ မစားရဘူးငယ်!!"ဆိုတဲ့ လေသံမာမာလေးကို ငယ်ပြန်ကြားချင်တယ်

မောင့်ထံပါးWhere stories live. Discover now