Unicode
ဒီနေ့က holiday မို့ စောစောထစရာမလို။
နို့မို့ဆို အမေ့ရဲ့ ခပ်ကျယ်ကျယ်အော်နိုးသံတွေက ကျွန်တော့်မနက်ခင်းကို တကယ်စိတ်ဆင်းရဲစေတယ်။
တကယ်ပါ ဆူညံသံတွေကိုတကယ်မုန်းတယ်။အားတဲ့ရက်မို့ တစ်နေကုန်အချိန်ဘယ်လိုဖြုန်းရမလဲဆိုတာ
Plan ချပြီးသား။
နေ့လယ်ကျ Burano မှာ Shoppingထွက်မယ်။
အရင်လကတွေ့ခဲ့တဲ့ ဇာဖြူကိုနောက်ဆုံးပေါ်ဒီဇိုင်းသုံးထားတဲ့
Shirtက အိမ်မက်ထဲထိတောင်ရောက်လာခဲ့တာ။Grand Canal ထဲ လှေပတ်စီးရင်း မုန့်တွေဝယ်ရဦးမယ်။
Las Vegas လောက်မတတ်နိုင်သေးတော့ local ထဲက grand canal က ကျတော့်ဖေးဖရိတ်နေရာပါပဲ။
ညနေရေတတ်ချိန်မရောက်ခင်တော့ အိမ်ရောက်အောင်ပြန်ရမယ်။မဟုတ်ရင် San Marco က လူတအားရှုပ်တော့ စိတ်ညစ်စရာကောင်းလွန်းလို့။
အခန်းတံခါးဖွင့်ပြီးအထွက် အိမ်ရှေ့တံခါးမကြီးရှေ့က ဖိနပ်ကြိုးငုံ့ချည်နေတဲ့ ခပ်ကျယ်ကျယ်ကျောပြင်။
ခပ်လှမ်းလှမ်းက ရေပြင်ပြာမှာအရိပ်ထင်နေပုံက Venice နဲ့ထပ်တိုးအနုပညာတစ်ခုလိုပဲ။ အင်း..စိတ်ရှုပ်စရာကောင်းတဲ့အနုပညာပေါ့။"fanculo''
ကြားဖို့လုံလောက်တဲ့ဆဲရေးသံကြောင့် ရည်ရွယ်သူက ဒီဘက်လှည့်လာခဲ့သည်။ ဂုတ်ထောက်နေသည့်အနက်ရောင်ဆံပင်ရှည်များက အိမ်နံရံမှာတွယ်ကပ်နေတဲ့ နွယ်ပင်တွေလိုပဲ။
YOU ARE READING
Lose in Venetian ( Short story)
Romanceချစ်တယ်။ Venice ကိုတိုင်တည်ပြီးသစ္စာဆိုပါတယ် မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပါမယ်။ Ti amo, Tovi COSTA ပိုချစ်တယ်။ ဒီတစ်ခေါက်ဆောင်းရာသီရဲ့ပထမဆုံးနှင်းကျတာကို Korea မှာ မင်းနဲ့အတူတူကြည့်ကြမယ်။ ငါကတိပေးတယ်။ 사랑해, Julian FERRARI