Part -2

30 3 3
                                    

Unicode

"Tovi အကျီပဲထပ်ဝယ်ဦးမို့လား။
ငါ့အထင်တော့များနေပြီထင်တယ်''

"အင်းဝယ်ဦးမှာ။မင်းမကိုင်ချင်ရင်​ငါကိုင်မယ်ငါ့ကိုပေး''

"မကိုင်ချင်​​လို့မဟုတ်ဘူးလေ။မင်းကအများကြီးဝယ်နေတာကိုး။
ပြီးတော့ ဒီကဟာတွေကစျေးများတယ်လေ။နောက်ပြီးမင်းက တစ်ခါနှစ်ခါပဲဝတ်ပြီး ချောင်ထိုးထားတတ်တာမို့လို့ပြောနေတာ''

ဟုတ်တယ်လေ။ကျွန်တော့်လက်ထဲတင် အကျီအိတ်တွေက ငါးခုထပ်မနည်းတော့ဘူး။အကုန်လုံးက ဇာအနားပါတဲ့အင်္ကျီမျိုးတွေကြီးပဲ။
ဒါမျိုးက Bruano ရဲ့အမှတ်အသားတစ်ခု။
ကျွန်တော်ပြောလိုက်လို့သူကစဥ်းစားသွားတဲ့ပုံပဲ။မျက်လုံးကိုအပေါ်လှန်ကာတွေးတောနေသည်။ သူ့မူပိုင်တွေထဲကချစ်စရာအူကြောင်ကြောင်ပုံစံပေါ့။

"အင်း ဟုတ်တယ်ဒီတစ်ထည်ပဲဝယ်တော့မယ် တော်ပြီ''

အဲ့တာပဲကြည့် ဥရောပသားတွေက အသုံးအဖြုန်းတအားကြီးတာပါဆ်ို။

"Julian မြန်မြန်လာ ငါဗိုက်ဆာနေပြီဆို''

တစ်မနက်ခင်းလုံး ကျွန်းတစ်ကျွန်းလုံးနှံနေအောင်ပတ်ထားပြီးမှ ဗိုက်ဆာတာကိုသတိရသည်။ Spaghetti စားချင်ပါတယ်ဆိုလို့ ဆိုင်ကိုလိုက်ရှာနေရသေးတာ။တွေ့ပြန်တော့လည်း အရသာမကောင်းတဲ့ဆိုင်ဆိုပြီး မစားတာကြောင့် တော်တော်လေးဝေးသေးတဲ့
သူ့အကြိုက်ဆိုင်ကို ခြေတို​နေအောင်သွားရသည်။
ဧည့်လမ်းညွန်တစ်ယောက်မို့ ဘယ်ဆိုင်ကောင်းတယ်။ ဘယ်ဆိုင်မကောင်းဘူး ဆိုတာလည်း သူကောင်းကောင်းသိတယ်။

အငွေ့တလူလူနဲ့ Spaghetti က စားချင်စဖွယ်အတိ။ ခရမ်းချဥ်သီးအနှစ်များများ၊ Cheese များများနဲ့
Cilantro အနည်းငယ်ကတကယ့်ကိုဂန္တဝင်လက်ရာပဲ။
Tovi ကြိုက်တာလည်းမပြောနဲ့။ အနံ့နဲ့တင်ဆိုင်ရှေ့ကဖြတ်မသွားန်ိုင်အောင်ဆွဲဆောင်နိုင်သည်။

အငွေ့တလူလူနဲ့ Spaghetti က စားချင်စဖွယ်အတိ။ ခရမ်းချဥ်သီးအနှစ်များများ၊ Cheese များများနဲ့ Cilantro အနည်းငယ်ကတကယ့်ကိုဂန္တဝင်လက်ရာပဲ။Tovi ကြိုက်တာလည်းမပြောနဲ့။ အနံ့နဲ့တင်ဆိုင်ရှေ့ကဖြတ်မသွားန်ိုင်အောင်ဆွဲဆောင်နိုင်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Lose in Venetian ( Short story)Where stories live. Discover now