ကြီးကျယ် ခမ်းနားလွန်းသော မင်္ဂလာပွဲတစ်ခု..
နှစ်ဖက်မိဘများ၏ အသိုင်းအဝိုင်း အရှိန်အဝါကြီးမားမှုကြောင့် မင်္ဂလာပွဲကြီးက စည်ကားလွန်းနေသည်.."Oh Sehun နဲ့ Xi Luhan တို့ရဲ့မင်္ဂလာပွဲကြီး"
နာမည်ကြီးဟိုတယ်ထဲက အကြီးမားဆုံး အကျယ်ပြန့်ဆုံး အခန်းကြီးတွင်ကျင်းပမည့် မင်္ဂလာဧည့်ခံပွဲကြီးတွင် ဧည့်သည်တော်တွေက အပြည့်အလျှံပါပဲ ဟိုတယ်ကြီးရဲ့အပေါ်ထပ် မင်္ဂလာအပြင်အဆင်အခန်းကျယ်ကြီးထဲမှာတော့ ထိုကိစ္စတွေကိုစိတ်မဝင်စားပဲရှိနေသူက သတို့သား oh sehun! အပေါ်ထပ်အခန်းထဲတွင် နှစ်ဖက်ဆွေမျိုးတွေ အလှဖန်တီးရှင်တွေနှင့် ရှုပ်ရှပ်ခက်ကာ မျက်စိနောက်လွန်းသဖြင့် အခန်းအပြင်ထွက်လိုက်သည် အခန်းတံခါးကိုပိတ်လိုက်သည်ဆိုရင်ပဲ စိတ်မွန်းကြပ်မှုများလွတ်မြောက်သွားသလို ပေါ့ပါးလန်းဆန်းသွားသည်
Yeol: Sehun
hun:Wae yeol
yeol: မင်းမျက်နှာက ဘာဖြစ်နေတာလဲကွ
hun: ငါဘာဖြစ်နေလို့လဲ
yeol: စိတ်ညစ်နေသလိုပဲ
hun: HaaaHah
yeol:မင်းဘာရယ်တာလဲsehun ဒါကမင်းရဲ့ မင်္ဂလာဧည့်ခံပွဲနော်
hun: ငါသိပါတယ်
yeol:ဒါနဲ့များကွာ မင်းမျက်မှာကြီးကပျက်နေရတယ်လို့ ဒီလောက်ပျော်စရာကောင်းတဲ့အချိန်ကြီးမှာ နောက်ပြီး xi luhan ကလည်းတအားချောပဲ ဟဲဟဲ
Sehun မျက်လုံးတွေကအေးစက်စွာ yeol ဆီကိုရွှေ့လျားသွား၏ xi luhan လှတာကတော့ သူ လက်မခံလို့မရဘူးဆိုတာသိပေမယ့် အခုအချိန်မှာပျော်စရာကောင်းတယ်ဆိုတာကတော့ သူလက်မခံချင် Luhan နဲ့သူ့ကြားမှားဘာမှရင်ခုန်စရာမရှိ ဒါကိုသူကလွဲလို့ဘယ်သူသိမှာတဲ့လဲ..
သူ့ဆန္ဒတစ်စုံတစ်ရာမပါပဲ Appa နဲ့ omma တို့ရဲ့ဆီမံမှုနောက်ကို သားလိမ္မာတစ်ယောက်အဖြစ် မျက်စိမှိတ်လိုက်မိတဲ့အတွက် သူ့ဆုံးဖြတ်ချက်မှားသွားပြီလား.. အခုအချိန်မှာတော့ အခိုးအငွေ့တစ်ခုအဖြစ်အနေနဲ့ထွက်ပြေးသွားချင်တာပါပဲyeol: မင်္ဂလာအချိန်ဘယ်တော့လဲ Sehun
hun: မသိဘူး
YOU ARE READING
The only one I care
Romanceဟန်ဆောင်ခြင်းဆိုတာ.. တစ်ခါတစ်ရံမှာ လိုအပ်ပေမယ့်.. တစ်ခါတစ်ရံမှာ မလိုအပ်လောက်တဲ့ အမှိုက်ရှုပ်တစ်ခုပါပဲ။ ဒါကိုသိသိကြီးနဲ့ ရင်ထဲကနှလုံးသားလေး မောလျအောင်., မင်းဘာကြောင့်ရူးရူးမိုက်မိုက် ဆုတ်ကိုင်ထားချင်ရတာလဲ Xi Luhan.. Oh Sehun! အချစ်ဆိ...