3

83 18 0
                                    

ထယ်ယောင်းတို့ကျောင်းပီးလို့ သူငယ်ချင်းတွေနဲ့ မတွေ့တာကြာလို့ အပြင်မှာ ဒီနေ့တွေ့ဖြစ်ကြတယ်။

"ထယ်ယောင်း မင်းရှင်းနော် ငါ့မှာ မပါဘူးပိုက်ဆံ"
ဟုဂျီမင်းကပြောသည်။
"ဟုတ်တယ် မင်းရှင်း"
ဟု ယွန်းဂီကလဲ ဝင်၍ထောက်ခံသည်။

ဂျီမင်းကောယွန်ဂီးကောက ထယ်ယောင်းရဲ့သူငယ်ချင်းတွေပါ အထက်တန်းထဲကခင်ထဲ့ကြပီး ယွန်ဂီးနဲ့ဂျီမင်းမှာ တွဲနေကြသည်ပင်

"ဒီအတွဲတော့ ငါထုလို့ ပိုပုတော့မယ် ဘယ်တုန်းကကော မင်းတို့ရှင်းဖူးလို့လဲ ငါပဲရှင်းနေရတာကို"

ဟုထယ်ယောင်းက ပြန်ပြောသည်။

ဂျီမင်းကလဲ နဂိုက စွာသဖြင့်

"ဘာဖြစ်လဲ ပြောမာပဲ တော်ကြာမရှင်းပဲ ငါတို့ကိုထားခဲ့ရင်ဘလိုလုပ်မလဲ နော့လေ ကိုကို"

ဟု ယွန်ဂီးကိုပါစစ်ကူတောင်းသော ဂျီမင်း။
ယွန်ဂီးကလဲ
"ဒါပေါ့ ဖောင်းဖောင်းလေးပြောတာမှန်တယ် "

ထယ်ယောင်း သူတို့နှစ်ယောက်ကို ကြည့်ပီး အချဉ်ဖောက်လာသည်။

"တော်ပီ မစားနဲ့ ငါမကျွေးဘူး ပြန်မယ် "
ဟု အတည်ကြီး ထပြန်ရန် ပြင်နေသော ထယ်ယောင်းအား ဂျီမင်းမှာ မနည်းပြန်ထနုင်ခိုင်းရသည်။

"ဟီးး ထယ်ယောင်းကလဲ ကွာ စတာကို ဟိဟိ"

"ဟိဟိ မနေနဲ့ သိပ်မကြည်ချင်ဘူးနော် မင်းတို့ ကြည့်နေ ဟင်းဟင်း"

"အေးပါကွာ ပြန်ထိုင်ပါ ထယ်ယောင်းရာ"ဟု ယွန်ဂီးပါ ဝင်ပြောမှ ပြနိထိုင်သည့်ထယ်ယောင်း။

ခနနေတော့ သူတို့မှာထားတာတွေလာချပေးသည်။

သူတို့လဲ စားပိးရော ထယ်ယောင်းက ပိုက်ဆံရှင်းရန်ခေါ်လိုက်သည်။

............................

ဂျောင်ကု ဒီနေ့ ပစ္စည်း ပို့ပီး ခနနားရန် သူ့သူငယ်ချင်း ဂျင်နဲ့ နမ်ဂျွန်းတို့ အတူတူရှယ်ယာ ထည့်ကာဖွင့်ထားသည့်ဆိုင်သို့ သွားလိုက်သည်။

သူဆိုင်ထဲဝင်ဝင်ချင်း တွေ့လိုက်တာက ထောင့်ဝိုင်းမှာထိုင်နေတဲ့ကောင်လေး သုံးယောက်။

💜PURPLE  CRYSTAL 💜Where stories live. Discover now