🎄🎁 unicode

1.6K 174 19
                                    

Back to December - Taylor Swift

0:58 ━━❍─────── 3:35

↻ ⊲ Ⅱ ⊳ ↺

ခရစ်စမတ် အကြို ဒီဇင်ဘာ ၂၄

ဖြူလှစွာသော ဆီးနှင်းတို့သည် ပြတင်းမှန်တံခါး၏ အပြင်၌ ဖြေးညင်းစွာ ကျဆင်း‌နေလျက်။ ။

ဆောင်းလရာသီ ဖြစ်သည့်အလျောက် နေ့တာတို၍ ညတာရှည်၏။ နေဝင်စ ဖြစ်သော်ငြား နှင်းတို့သည် အုံ့ဆိုင်းလျက်ရှိနေသည်ဖြစ်ရာ နေအရောင်ပင်လျှင် ထိုးမဖောက်တော့ပြီမို့ မှောင်စပျိုးနေပြီဖြစ်သည်။ လမ်းတလျှောက်၌ အောက်ခြေ၌ နှင်းများဖုံးလွှမ်းနေသော မီးတိုင်မှိန်မှိန်လေးများလည်း ဖွင့်ထားနှင့်ပြီ ဖြစ်သည်။

အနွေးဓာတ်ပေးထားသည့် အခန်းအတွင်း၌ Jakeသည် စိတ်ပျက်လက်ပျက်ဖြင့် လဲလျောင်းလျက်။ စိုက်ကြည့်နေသည့် ဖုန်း screen မှာ အချိန်‌ ပြောင်းသွားသည်မှ လွဲ၍ လွန်ခဲ့သည့် တစ်နာရီကအတိုင်း ဘာဆိုဘာမှထူးခြားမလာ။

"ကျစ်"

"ဟူးးး"

စိတ်ညစ်ညူးစွာဖြင့် Jakeတစ်ယောက် လေတွေမှုတ်ထုတ်ပစ်လိုက်သည်။ စောင့်ဆိုင်းနေရခြင်းသည် ထိုမျှ ပင်ပန်းစေတတ်မှန်း နားလည်ခဲ့ပြီး ဖြစ်သော်ငြား သူသည် အမှတ်ရှိသော သူတစ်ယောက်လည်း ဟုတ်မနေပါချေ။ သံသရာကဲ့သို့ အဆုံးမရှိသော လမ်း၌ ဤနေရာသာ ပြန်ရောက်လာမည်ကို သိခဲ့သော်ငြား သူကတော့ ရှေ့ကိုဆက်လျှောက်ရင်း မလာသူကို စောင့်ဆိုင်းတတ်ခဲ့သည်မှာ အချိန်ကြာခဲ့ပြီဖြစ်သည်။

လူတွေက မရနိုင်တဲ့ အရာတွေကိုမှ တမ်းတ တတ်ကြတယ်မလား။

ဖုန်းကိုပိတ်လျက် ဘေးရှိစားပွဲ၌ တင်လိုက်ပြီးနောက် ခေါင်းအုံးထက်၌ မျက်နှာအပ်ထားလိုက်သည်။ ‌စောင့်ဆိုင်းနေသူ ပေါ်မလာခဲ့သည်မှာ ၅ရက်မြောက်ပြီ ဖြစ်သည်။ ရာပေါင်းများစွာသော စာများလည်းမဖတ်သလို ဖုန်းဆက်လည်းမကိုင်။ အရာအားလုံး၏ အဖြေသည် သေချာနေခဲ့ပြီးသား ဖြစ်သော်ငြား သူကတော့ ရူးမိုက်ချင်သေးသည်။ သိရက်နှင့် ရူးမိုက်မိနေသေးသည်။ ပြန်လာမှာပါ ဆို‌ သော စိတ်နှင့် အကြိမ်ကြိမ် နိုးထခဲ့ရသလို ထို စိတ်နှင့်ပင် အိပ်ရာဝင်ခဲ့ဖူးသည်။ ထိုစိတ်နှင့်လည်း သေခဲ့ရသည်မှာ အကြိမ်ပေါင်းများစွာ။

if we loved again, I swear I'd love you right [ sunjake ]Where stories live. Discover now