"ဟဲ့.....ဟဲ...! ကောင်မတွေ အထူးသတင်းဟေ့အထူးသတင်း!"
"အမယ်လေး....အိမ်လေးတစ်ချက် ပြန်လိုက်တာ....အထူးသတင်းပါ.....
ရလာရတယ်လို့...""လုံးဝ...မထင်မှတ်ထားတဲ့သတင်းနော်....ဘာလဲနားမထောင်ချင်ဘူးလားနင်တို့က?...."
"ပြောပြီးမှတော့...အဆုံးထိပြောလိုက်တော့ပေါ့
ကောင်မရယ်....အရေးထဲ ဈေးကိုင်နေသေးတယ်"ဆရာမ အိမ်စာပေးထားသည့် စာတွေထိုင်ရေးနေတုန်း...အတန်းထဲကိုအော်ပြီးပြေးဝင်လာသည့် ရတီကြောင့် ကျွန်တော်အပါအဝင် အတန်းထဲက ယောကျာ်း လေးတွေရော မိန်းခလေးတွေပါ မော့ကြည့်လိုက်ကြသည်။
သူ့ရဲ့ရုတ်တရက် အော်သံကြောင့် တစ်ချိူ့မိန်းခလေးတွေက အတင်းတုပ်နေကြပေမဲ့ သူကတော့ ဂရုမစိုက်ဘဲ သူ့သူငယ်ချင်းနဲ့သာ စကားဆက်ပြောနေလေသည်။ သူတို့အဖွဲ့က ကျောင်းမှာဆို ဆရာမတွေ
လည်း ပြောမနိုင်လို့လွှတ်ထားတဲ့ အဖွဲ့ မဟုတ်လား။"စိုင်းတမှုး လက်ထပ် တော့မယ်တဲ့!"
"ဘယ်က စိုင်းတမှုး တုန်း"
ရတီရဲ့ ပြောစကားကို သူ့အဖွဲ့ထဲက တစ်ယောက်က
ပြန်မေးလိုက်ခြင်း။ကျွန်တော်က ကိုယ့်ဘာသာ ကိုယ်စာရေးနေပေမဲ့ထိုင်ခုံအတန်းနီးတော့
သူတို့ပြောသမျှ အကုန်အတိုင်းသား ကြားနေရသည်လေ။"အမယ်လေးဟဲ့!.....မြန်မာနိုင်ငံမှာ စိုင်းတမှုး ဘယ် နှစ်ယောက်ရှိလို့လဲ"
"နင်ပြောတာ....ဟို.....အဆိုတော် စိုင်းတမှုး ကိုပြောနေတာလား?"
"အေးပေါ့ဟဲ့.....ကံကောင်းလို့ပေါ့ဟယ် ငါအိမ်ပြန်တုန်း....ဖုန်းခိုးသုံးလိုက်လို့...နို့မို့ဆို...ဒီသတင်းကိုသိမှာတောင်မဟုတ်ဘူး..."
"ဟယ်...မဖြစ်နိုင်တာ...နင့်ဟာက ဟုတ်ရောဟုတ်ရဲ့လား?သတင်းအမှားကြီးဖြစ်
ချင် ဖြစ်မှာပေါ့...သေရောသေချာ ရဲ့လားဟယ်...
တတယ်ဆို ငါအသဲကွဲ ပါပြီ။
ဆယ်တန်းစာမေးပွဲတောင်မဖြေချင်
တော့ဘူး""သူကိုယ်တိုင်ဖွင့်ပြောတာပါဆိုမှဘဲ....ငါ Commentတွေတောင်ဝင်ဖတ်လိုက်သေးတယ် တစ်ချို့က လက်မခံကြပေမဲ့တစ်ချို့က တော့ ဂုဏ်ပြုပေးကြတယ် "