Part-1

36 5 0
                                    

လန်ဒန်မြို့။
လူနေထူထပ်ပြီးစိတ်ရှုပ်စရာအကောင်းဆုံး။

~
ဟူးးးး

ဒီနေ့ တက္ကသိုလ်စတက်ရမဲ့နေ့ပဲ။
လူတွေပြောပြောနေတာကတော့ တက္ကသိုလ်ဆိုသည့်ဤနေရာမှာ ပျော်ရွင်စရာကောင်းပြီး လူငယ်သဘာဝတို့အဲ့နေရာမှ စကြတာတဲ့။ဒါမဲ့ကျတော့်အတွက်တော့ အရာရာတိုင်းကစိတ်ရှုပ်စရာကောင်းနေတာလေ။

"Name- Park sunghoon"
Age- 18
**********************
တော်ဝင်မျိုးနွယ်လိုမျိုး မိသားစုက ဆင်းသက်လာတယ်တဲ့။မားမားကတော့ ကျတော့်အသက်၁၃နှစ်ပြည့်တဲ့နေ့မှာပဲ လူ့ဘဝကိုကျောခိုင်းသွားခဲ့တာလေ။မားမားဆုံးပြီးကတည်းက ကျတော့်အဖေပေါ့နော် အင်းအဲ့လိုပဲခေါ်ရမလား ဟက် သူကတော့ အလုပ်ရှုပ်နေတာလေ သူ့အနှောင်အဖွဲ့တွေနဲ့။ လောကကြီးကို ကျတော်မုန်းတယ် မားမားကို ကျတော့်ဘဝထဲကခေါ်ထုတ်သွားလို့ အဲ့တာကြောင့်လားမသိ မားမားမရှိတော့ကတည်းက ကျတော့်ဘဝက အသက်မဲ့နေခဲ့ပြီလေ။

~~~~~~~~

"ဟဲ့ Ethan ထတော့ ဘယ်အချိန်ရှိနေပြီလဲဟယ်"

မွေးသမိခင်ရဲ့အသံကို နားကြားဝနေပြီဖြစ်တာကြောင့်Heeတစ်ယောက် အိပ်ရာက တုတ်တုတ်မှမလုပ်။

"ဟဲ့အော်ဒီကလေး ထထEthan...ဖြန်း ဖြန်းး"

"အားးးး ကျောတော့ကွဲပါပြီမေကြီးရယ် ဒီသားလေးတစ်ယောက်ထဲရှိတာကို ရက်စက်လိုက်ထာ"

"Ethan နင်အပိုတွေပြောမနေနဲ့ကျောင်းနောက်ကျတော့မယ် ခွေးကောင်လေးရဲ့ ထထ"

"ဟာ ဘယ်အချိန်ရှိသေးလို့လဲဗျာ?"

"အေး ၉နာရီထိုးနေပြီ အပျင်းကောင်ရဲ့"

"ဗျာ....."

ပြောပြောပြီးချင်းကြုံရာတွေပြေးဆွဲနေတဲ့သားဖြစ်သူကိုကြည့်ပြီး ဒေါ်ဒေစီတစ်ယောက် ရေရွတ်မိလိုက်သည်။

ဒီခွေးကောင်လေး ယှက်ပြာယှက်ပြာနဲ့ ဘာတွေလွဲအုန်းမလဲမသိဘူး။

ဂျေး - Ethanသွားတောင်းပေးပါကွာ မင်းကလဲနော်နော်လို့

‌‌တောက်စ့် သကောင့်သားလေး သူ့ဘာသာသူ‌ောက်ပဲများပြီး စီနီယာအမကြီးတွေဆီက လိုင်းidရချင်တာ ကိုယ့်ဘာသာကိုယ်မသွားဘူး အခက်မသင့်ဟိုကပါးချလိုက်မှဖြင့် လုံးဝမသွားနိုင်။

"ဝေါ့ ရုပ်ကြမ်းကြီးနဲ့နွဲ့မနေနဲ့ဟေ့ကောင် မသွားနိုင် ကိုယ့်ဘာသာသွား"

ဂျေး- ဟာ လုပ်ပါကွာမင်းကလည်း ဒီလိုလုပ်ငါမင်းလိုချင်နေတဲ့ရေကူးမျက်မှန်ဝယ်ပေးမယ်လေ ဘယ်လို‌လဲ သွားမယ်မှတ်လား

ဟမ် အဲ့တာတော့ဟုတယ် ကျတော်ရေကူးမျက်မှန်လိုချင်နေတာ။ခုမှပထမနှစ်မို့ ရေကူးကလပ်ကိုခုမှစဝင်ပင်မယ့် stateကျောင်းတုန်းက ကျတော်က ရေကူးနှစ်တိုင်းဆုရတာလေ ခိ"။ဒါမဲ့ အဲ့တုန်းက မျက်မှန်ဆိုတော့ဗျာ မှုန်ဝါးနေပြီလေ။မေကြီးတို့ကိုပူဆာရင်ရမယ်ဆိုတာသိပင်မယ့် အပူမကပ်ချင်ဘူးလေ။ကျတော်တြိုမိသားစုက ဆင်းရဲနေတာမဟုတ်ပင်မယ့် အရမ်းကြီးအဆင်ပြေတဲ့ထဲလဲမပါဘူးလေ။အစတော့ ကိုယ့်ဘာသာကို ပိုက်ဆံစုပြီးဝယ်မလို့ပဲ။ဒါမဲ့ ဒီတကောင့်သားကဝယ်ပေးမယ်ဆိုတော့လဲ။

"အမ် ဟုပြီလေ။လိုချင်လို့ရဲမဟုတ်ပင်မယ့် သူငယ်ချင်းအချင်းချင်းဆိုတော့လဲ သွားတောင်းပေးပါမယ်ကွာ"

ဂျေးနွားပွဲစားလိုပြုံးပြပြီးတာနဲ့ တိုးတိုးလေးကျိန်ဆဲမိလေသည်။

အပိုတွေ သူမလိုချင်တာလဲမဟုတ်ဘဲနဲ့ အလကားစကားနာခင်းနေသေးတယ် Ethanစုတ်။

"Name- Ethan Hee"
Age-19
ပျော်ပျော်နေတတ်သည်။မိသားစုက စီးပွားရေးသိပ်မပြေလည်ဘူး။ တက္ကသိုလ်ရဲ့ရေကူးကလပ်အဖွဲ့ဝင်ပေါ့။

You've reached the end of published parts.

⏰ Last updated: Dec 24, 2021 ⏰

Add this story to your Library to get notified about new parts!

"ʏᴏᴜ ᴀʀᴇ ᴍʏ ᴡᴀʀᴍᴛʜ"Where stories live. Discover now