[Unicode]ဂိမ်းဆိုင်တစ်ခုရှေ့ ဂျောင်ဆူးဟာ အင်္ကျီအနွေးထည်ထဲလက်နှစ်ဖက်နှိုက်လို့ စိတ်ညစ်နေတဲ့ပုံနဲ့ တစ်စုံတစ်ယောက်ကို စကားတွေပြောနေတယ်။
သူစကားပြောနေတဲ့လူက အထက်တန်းကျောင်းသားအရွယ်ဖြစ်ပြီး ဂိမ်းဆိုင်ရဲ့အဝင်ဝတံခါးဘေးမှာရပ်လို့ ဂျစ်ကန်ကန်ပုံစံနဲဲ့ရပ်ထားတယ်။ ဆံပင်ကလည်း အကြေဖွထားတဲ့ဖွာလန်ကျဲနဲ့ ဝတ်စားပုံကအစ လမ်းဘေးဂျလေဘီဆိုက်။
ချန်ယောလ် အဲ့ဒီဂိမ်းဆိုင်ရဲ့ဘေးချင်းကပ်ရပ်မှာ ဦးထုပ်ငိုက်ငိုက်စောင်းလို့ စောင့်ကြည့်နေခဲ့တယ်။ သူ နောက်တစ်ပတ်ထဲပြန်ရတော့မှာမို့ ဂျောင်ဆူးနဲ့ပတ်သတ်ပြီး သေချာသိရတော့မှဖြစ်မှာ။ ဒါပေမဲ့ အမြဲတမ်း ဂျောင်ဆူးက ဖုံးကွယ်တယ်။
သူဘယ်လိုအခြေနေရှိတယ် ဘာစီစဥ်ထားတယ်ဆိုတာ ချန်ယောလ်ကိုလုံးဝမပြောပြဘူး။ ညတိုင်း သူ့ဆီလာအိပ်ပြီး ဘာမှမပြောပြဘဲ အပျော်ရှာသလိုလုပ်နေတာတွေက တော်လောက်ပြီ။
ချန်ယောလ်က သူတို့ပြန်တွေ့ကတည်းက စဥ်းစားထားခဲ့တယ်။ ဂျောင်းဆူးသာစိတ်ရှိမယ်ဆို သူက ပြန်လက်တွဲမယ်။ အသက်တွေ လေးဆယ်ကျော်လို့မက ဘယ်အထိပဲရောက်ရောက် သူတို့ပြန်နေလို့ရသေးတယ်။
ငယ်ရွယ်တုန်းက ဒီအတိုင်း ဘာမှလုပ်နိုင်စွမ်းမရှိစွာနဲ့ အဝေးရောက်သွားကြပေမဲ့ မချစ်ခဲ့ကြတာတော့မဟုတ်ဘူးလို့ ချန်ယောလ်ကတွေးမိတာပဲ။ ဒါကြောင့် ဂျောင်းဆူးသာ အချုပ်အနှောင်မရှိရင် သူတို့တဖန်ပြန်တွေ့တဲ့ဒီအချိန်ဟာ လက်လွှတ်ချင်စရာတောင်မရှိဘူးမလား။
"မွေးနေ့တုန်းကအတွက် ငါ့အမှားကြောင့် စိတ်မကောင်းဖြစ်ရပြီး မရှိမဲ့ရှိမဲ့ပိုက်ဆံထဲကနေ ခြစ်ကုတ်ပြီး ပူဆာနေတဲ့ဆိုင်ကယ်ဝယ်ပေးလိုက်တာ။ အဲ့တာကို ရက်ပိုင်းအတွင်းနဲ့ အဆုံးခံလိုက်တာက မလွန်ဘူးလား။ အဲ့ပိုက်ဆံတွေက ငါ့ရဲ့သုံးလစာကျော်တယ် ဆော့ဂျင်ရဲ့။ "
"ကျွန်တော်ပြောပြီးပြီလေ။ ပေါင်ထားတာပါဆိုဗျာ! မဆုံးပါဘူး။ နောက်နေ့ လောင်းထားတာနိုင်ရင် ပြန်ရွေးလို့ရမှာ။ "