Episode - 1

92 9 0
                                    

Unicode ver {💚}

Jealousy
•••••••••••

Lee Haechan's POV

ဇာတ်လမ်းလေးကဒီလိုစခဲ့တယ်
၂၀၁၈ ခုနှစ်ရဲ့နေ့ရက်များထဲက တစ်ရက်ရက်ပေါ့
ကျောင်းစဖွင့်တဲ့ ဒုတိယ အပတ်မှာ ကျောင်းသားအသစ်တစ်ယောက်ရောက်လာခဲ့တယ်
သူ့ရဲ့ နာမည်က Huang Renjun
အရပ်ပုပု ပိန်ပိန်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ ကောင်လေးတစ်ယောက်...
သူ့မွေးနေ့က‌ ၂၃ ရက်နေ့ ၃လပိုင်း ၂၀၀၀ ခုနှစ်
ဝါသနာက ခပ်ချောချော ကောင်မလေးတွေကို လိုက်ဖွန်ကြောင်တာ

"Annyeong ငါ့နာမည်ကRenjun တရုတ်ကကျောင်းပြောင်းလာခဲ့တာပါ
အကုန်လုံးနဲ့ရင်းရင်းနှီးနှီးရှိချင်ပါတယ်"

တရုတ်ကပြောင်းလာပေမဲ့ ကိုရီးယားစကားတော့ ကောင်းကောင်းပြောတတ်သားဘဲ
သူ့စကားအဆုံးမှာ ကောင်မလေးတွေ တီးတိုးပြောဆိုနေတာတွေကြားလိုက်ရတယ်

"Woah ချောလိုက်တာ"

"လုံးငါ့တိုင်လ်ဘဲ"

"အသံလေးကနားဝင်ချိုလိုက်တာ"

ကြည့်ရတာ ဒီကောင်တော့ မိန်းကလေးတွေကြား ရေပန်းစားတဲ့ပုံထင်ပါရဲ့

"Haechan ကျောင်းသားအသစ်ကို ကျောင်းစာတွေနဲ့ပတ်သက်ပြီး ကူညီပေးလိုက်ဦး"

"Nae"

ဒါ ပထမဆုံး အတန်းပိုင်ဆရာပေးခဲ့တဲ့ တာဝန်တစ်ခု
အတန်းခေါင်းဆောင်ဖြစ်တဲ့ ကျွန်တော်ရယ်
ကျောင်းသားအသစ်ဖြစ်တဲ့သူရယ်က
သဘာဝကျကျရင်းနှီးသွားခဲ့တယ်

"Ya Haechan Haechan ဟိုကောင်မလေး နာမည်ဘယ်လိုခေါ်လဲ"

"ဟို ဆံပင်စည်းထားတဲ့တစ်ယောက်မှာရည်းစားရှိလား"

"အတန်းထဲက Yeon Mi ကဘာတွေကြိုက်တတ်လဲ"

Secret DiaryWhere stories live. Discover now