တီတီ...တီတီ...တီတီ..။
နာရီ alarm မြည်လာမှုကြောင့် အကျင့်ပါနေသည့်လက်က ထိုအသံလာရာနေရာကို လက်လှန်းမိသည်၊ အသံလာသည့်အရာတစ်ခုအားပိတ်ပြီးသည့်နောက်တော့ မျက်ဝန်းများကိုဖြေးဖြေးချင်းဖွင့်ပြီးသည့်နောက် သူ၏တစ်နေ့တာဝတ္တရားများကိုစတင်ရန်အလုပ်စတင်ရတော့သည်၊ Stopping Center အချို့၌ လက်ဝတ်ရတနာဆိုင်ဖွင့်ထားသည့်သူ့အဖို့ နေ့တိုင်းလိုလိုထိုနေရာများသို့သွားကာကြည့်ရှုတက်သည်၊ အထက်လူကြီးပိုင်ရှင်တစ်ယောက်ဖြစ်သည်မို့တာဝန်များမလစ်ဟင်းအောင်ဆောင်ရွတ်လေ့ရှိသည်။
အသက် ၃၈ နှစ်ပြည့်ပြီးပြီဖြစ်သောသူမသည် တစ်ကိုယ်တည်းနေရသည့်အတွက် သူမ၏အိပ်ခန်းဖွဲ့စည်းပုံသည် ရိုးရိုးရှင်းရှင်းသဘောဆောင်သည်၊ သူမသည်အဘယ်ကြောင့်တစ်ယောက်ထဲနေသည်ဟုဆိုရလျှင် သူမ၏ဖြစ်တည်မှုကိုလက်မခံနိုင်သော မိဘများကြောင့် တစ်ယောက်ထဲသီးသန့်ခွဲနေဖြစ်သည်ဟုဆိုရမည်၊ မိသားစုအရင်းအချာထဲမှာ သူမနှင့်သေသေချာချာအပေါင်းအသင်းပြုလုပ်သူကိုလက်ညိုးထိုးရလျှင် သူမ၏တစ်ဦးတည်းသောအကိုနှင့်တူလေးကိုသာချပြရလိမ့်မည်။
မြို့ထဲမှာဖြစ်သည့် Junction City မှ သူ၏ဆိုင်သို့သွားမည်ဟန်ပြင်ကာ ကားပေါ်မှာဝင်ထိုင်တော့ ဖုန်းထဲစာတစ်စောင်လာလေသည်။
* တီလေး ဒီနေ့သားသားအတွက် ရေခဲမုန့်လေးလာပို့ပေးပါလားဟင် သားသားစားချင်လို့ *
အသက် ၁၀ နှစ်ကျော်သာရှိသေးသည့် သူမ အကို၏ သားငယ်လေးသည် သူ့ကိုဆိုလျှင်အရမ်းချွဲတက်ပြီး သူသည်လဲ ထိုတစ်ဦးတည်းသောတူလေးကိုအလိုလိုက်သည်။
သားသားပို့သည့်စာကြောင့် သူ့မျက်နှာထက်မယ် လှပစွာတွန့်ချိုးလိုက်သောနှုတ်ခမ်းတွန့်လေးကနေရာယူ၍ ကားကိုဖြေးညင်းစွာမောင်းထွက်ခဲ့လေသည်။
🍃
ညကအိပ်ယာဝင်နောက်ကျသည့်အတွက် မနတ်အလုပ်သွားဖို့အချိန်မှီအောင်မနည်းထရသည်၊ ဖယ်ရီမမှီတာ့၍ နီးစပ်ရာ Taxi ဖြင့် အလုပ်ကိုမြန်မြန်သွားရသေးသည်၊ သူမ၏အလုပ်သည် သူေဋ္ဌး၏ အတွင်းရေးမှူးဖြစ်သည့်အတွက် သူေဋ္ဌးမရောက်ခင်ကြိုရောက်အောင်သွားရသည်၊ မနတ်စာလဲမစားနိုင်တော့ပဲ အလုပ်ကိုသာအရင်ပြေးရသည်၊ ထမင်းစားချိန်နားမှနီးစပ်ရာမှာစားရန်အမေမှသူ့အားလှန်းပြောနေသည်ကိုလဲ အိမ်ကမထွက်ခင်ကြားခဲ့ရပါသေးသည်။