3

533 57 49
                                    

[Unicode]

ဂျောင်ကု သာရှိလျှင် ဆိုသည့် စိတ်တစ်ခုနှင့် ဆော့ဂျင်ဟာ ပင်ပန်းလာတိုင်း ဂျောင်ကု၏ပွေ့ဖက်မှု၊ဂျောင်ကုပေးသည့် အနမ်းတစ်ပွင့်ရရုံနှင့် အရာရာကိုဖြေသိမ့်နိုင်သည်။အဲ့လောက်အထိ သူဂျောင်ကုအပေါ်ရူးသွပ်လာသည်။ချစ်မိလျှင်ရူးသွပ်ရတာတောင်ပင် ကြည်နူးဖွယ်ကောင်းလှသည်။

ဒီနေ့ ဆေးရုံမှာ လူနာများလှပြီး ဆရာဝန်တွေအားလုံး ထိုင်ချိန်တောင်မရခဲ့။၁၁ကျော်မှ အိမ်ပြန်လာနိုင်သည့် ဆော့ဂျင်ဟာ လမ်းထိပ်မှာ စက်ဘီးတစ်စီးဖြင့် သူ့ကိုစောင့်နေသော ဂျောင်ကုကို တွေ့ခါမှ နှုတ်ခမ်းနှစ်လွှာမှာ အပြုံးလှိုင်းတွန့်သည်။စက်ဘီးကိုထောင့်ကပ်ကာ ဆော့ဂျင်ကို အပြေးဖက်သည့် ဂျောင်ကု၏ တင်းကြပ်ကြပ်ထွေးပွေ့မှုဟာ ဆော့ဂျင်၏ပင်ပန်းခြင်းတွေကို သက်သာစေသည်။

" အခုထိစောင့်နေတာလား မောင်က "

ဂျောင်ကုက ဆော့ဂျင်ကိုပွေ့ဖက်ထားသည်ကို ဖြေလျှော့ပြီး ဆော့ဂျင်နှင့် မျက်နှာချင်းဆိုင်သည်။အရင်ဆုံး နဖူးပေါ် ဖရိုဖရဲဝဲကျနေသော ဆော့ဂျင်၏ဆံပင်တွေကို ဘေးတစ်ဖက်သို့ သပ်သွင်းပေးသည်။ဆော့ဂျင်ကတော့ ဂျောင်ကုလုပ်ပေးသမျှကို ဂျောင်ကု၏ခါးသွယ်သွယ်ကိုဖက်ကာ ငြိမ်ခံနေသည်။ဂျောင်ကုက ဆော့ဂျင်၏ mask ကိုမေးအောက်အထိ ဆွဲချတော့ ဆော့ဂျင်ပါးတွေရဲတက်လာသည် ... ပြန်ရောက်တိုင်း ဂျောင်ကုက သူ့နှုတ်ခမ်းပါးတွေနှင့် ခပ်ဖွဖွနမ်းတတ်သည်။ရင်းနှီးနေသည့် ဒီအခြေနေဟာ ဘယ်သောအခါမှ မရိုးအီသွားပေ။ဂျောင်ကုက သူ့maskကိုလည်း မေးအောက်အထိဆွဲချပြီး ဆော့ဂျင်ထင်ထားသည့်အတိုင်း ဆော့ဂျင်၏ နီရဲရဲနှုတ်ခမ်းဖူးဖူးကို ခပ်ဖွဖွဖိနမ်းသည်။

" မောင် အမြဲစောင့်နေကြကို "

" ဒါပေမဲ့ ဒီနေ့က နာရီတွေကြာအောင် နောက်ကျတာလေ မစောင့်လည်းရတယ်လေ "

" မောင် အဲ့လိုဆို အိပ်မပျော်တာ အချစ် သိတယ်လေ"

ဂျောင်ကု စကားတွေက ဆော့ဂျင်အပြုံးတွေ၏အရင်းမြစ်ဖြစ်လာခဲ့သည်မို့ အခုလည်း ဂျောင်ကုစကားကြောင့် ဆော့ဂျင် ပြုံးရပြန်သည်။

One Step Closer • jinkook ( Eden Contest )Where stories live. Discover now