(Unicode)
ဝူး............ကျွီး...........
အလာလမ်းတစ်လျှောက်သူမအတွေးနဲသူမပျော်ရွှင်နေခဲ့တဲ့ဒေါ်မိုးနတ် သူမတို့ရဲ့အိမ်အသစ်လေးရှေ့မှာကားကိုထိုးရပ်လိုက်ချိန်မှာတော့ ပျော်ရွှင်ရမည့်အစားသူမရခဲ့တဲ့သူက ရင်ထဲမချိစေတဲ့ဝမ်းနည်းမျက်ရည်များကိုပင်။
ထပ်မံပြီး အရှိန်အဟုန်ပြင်းပြင်းတောက်လောင်နေတဲ့မီးတောက်များရဲ့မနီးမဝေးမှာ မတုန်မလှုပ်ရပ်ကြည့်နေတဲ့နိုင်းနဲ့မျက်နှာလေးအုပ်ကာငိုကြွေးနေတဲ့ယွန်းမှီဆီကိုမြင်ရတော့ ဒေါ်မိုးနတ်ပူဆွေးမှုများရင်ဝယ်ပိုက်ကာကလေးနှစ်ယောက်ရှိရာသို့အပြေးလေးလှမ်းလာပြီး ယွန်းမှီကိုယ်လေးကိုဖက်ကာနိုင်းကိုပါသူမရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး...........
"သား မင်းဖေဖေဘယ်မှာလဲ"
"........"
"မေမေမေးနေတာဖြေလေနိုင်းနတ်ဆေး....မင်းဖေဖေဘယ်မှာလဲလို့"
ဆွံ့အနေသည့်လူတစ်ယောက်ပမာ နိုင်းသူမအမေးကိုဘာမှပြန်မဖြေပါ။ကျောက်ရုပ်တစ်ရုပ်လိုဘဲ တောင့်တောင့်ကြီးရပ်ပြီး မီးများလောင်မြိုက်နေတဲ့အိမ်ကြီးကိုစိုက်ကြည့်နေလေရဲ့။
"အား.......အား.......မိုး.....မိုး မောင့်ကိုကယ်ပါဦး"
ဘာမှပြန်မဖြေတဲ့သားဖြစ်သူကိုအာရုံစိုက်နေတာနဲ့ ဒေါ်မိုးနတ်အိမ်ထဲသို့မကြည့်မိ၊စူးစူးဝါးဝါးထွက်ပေါ်လာတဲ့ရင်းနှီးသည့်အသံကြောင့် ပြတင်းပေါက်မှတဆင့်အိမ်ရဲ့အတွင်းသို့ကြည့်မိချိန် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကြွေကွဲစွာရေရွတ်မိသည်က.......
"မောင်"....တစ်ခွန်းထဲ။
ပါးထက်ကကျလာတဲ့မျက်ရည်ပူများက သူမရဲ့ပါးပြင်တစ်ပြင်လုံးကိုစိုစွတ်စေခဲ့ပြီး နိုင်းကိုဖက်တွယ်ထားတဲ့လက်များကလဲအလိုလိုပြေလျော့ပြီးသူမအရူးတစ်ပိုင်းပင်......
"ကူညီကြပါဦး....တစ်ယောက်ယောက်ကူညီကြပါဦး....အဟင့် ဟင့်.....အထဲမှာကျွန်မယောကျာ်းပိတ်မိနေလို့ကူညီကြပါဦးလို့" ဟုအော်ဟစ်အကူအညီတောင်းနေခဲ့၏။
YOU ARE READING
My Lifeblood(complete)
Romance"အချစ်ဆိုတဲ့အရာက မင်းနဲ့တွေ့မှငါ့နှလုံးသားတစ်ခုလုံးစုံလုံးကမ်းစေတာ ပေလွှာ" နိုင်းနတ်ဆေး+ခမ်းပေလွှာ