Prologue

137 22 0
                                    

Unicode

"ရှင်တို့ဘာလာလုပ်တာလဲ"

"မင်းတို့ဘာလာလုပ်တာလဲလို့မေးရင်ရော...
ကဲ....ဖြေပါအုံး..."

သူမတို့နောက်ကို ခြေလှမ်းပြန်ဆုတ်လိုက်ကြသည်။ သူတို့ကရှေ့တက်လာကြ၏။

ထို့နောက်...

ဂျိမ်း...

"ရှင် မယုတ်မာနဲ့နော်.."

"ဟား.. ဟား.. ဟား.. ချစ်တာကို ယုတ်မာတာလို့ ဘယ်သူပြောတာလဲ.."

"ရှင့်ကို ကျွန်မ အရမ်းရွံတယ်သိလား..
လူယုတ်မာ.."

"ငါကတော့ မင်းကိုချစ်တယ်၊ မင်းကို လိုချင်လို့ ကလေးကို လက်ခံခဲ့တာလေ၊
အဟွန်း...မင်းသိပါတယ်.."

"ဟင့်အင်း..ဟင့်အင်း..လွှတ်.."

"လာစမ်းပါကွာ..မင်းထွက်ပြေးနေလည်း ကမ္ဘာပတ်မောသွားရင်တောင် ငါ့လက်ထဲကမလွတ်ပါဘူး၊ အဲဒီတော့ ပြေးမနေနဲ့တော့.."

"ဟင့်အင်း..လုပ်ပါဦး..ကယ်ပါဦး ဟွန်းလေးရေ... Oppa..."

ဂျိမ်း...

အတွင်းတံခါးပိတ်သွားသည့်အဆုံးမှာ သူမကိုယ်ပေါ်က အင်္ကျီ၏ပုခုံးတစ်ခြမ်း ဗြီးခနဲ
ပြဲထွက်သွားသည်။

ပြီးတော့ ခုတင်ပေါ်ပစ်စလတ်ခတ်လဲကျသွားခဲ့ပြီး...၊

"ငြိမ်ငြိမ်နေစမ်းပါကွာ.. မင်း ဘယ်သူ့ကို အားကိုးတာလဲ၊ မင်းကိုဘယ်ကောင်မှ လာမကယ်နိုင်တော့ဘူး.."

"လွှတ်..ခွေးတိရစ္ဆာန်.."

"မင်း မလိမ္မာရင်တော့ ငါ မညှာဘူးနော်...
တိတ်တိတ်နေစမ်း.."

ဖြန်း...

ပါးတစ်ဖက်မှာ ပူခနဲကျိန်းစပ်သွားသည်။

သတိလစ်မတတ်ဖြစ်သွားပေမဲ့ သူမ အားတင်းထားရင်း အကြောက်အကန်ရုံးနေမိဆဲ...။

ဖြန်း...

နောက်ထပ် ပါးတစ်ဖက်မှာ ပူထူသွားကာ ခေါင်းထဲမှာစက်ဝိုင်းတွေများစွာ ရောင်စုံကွင်းများအဖြစ် တရစ်ရစ်ထင်သွား၏။

𝗕𝗮𝗱 𝗥𝗼𝗺𝗮𝗻𝗰𝗲Where stories live. Discover now