.|1|.

105 23 8
                                    

Unicode

မိုးတွေက ညို့လာသည်။

ကားလမ်းမကြီးဘေးပလက်ဖောင်းက ကွန်ကရစ်ကျောက်ပြားတွေ ကျိုးပဲ့ချိုင့်ခွက်နေတာတွေကြောင့် သွားလာရတာ
အဆင်မပြေ...။

ထို့ပြင် ညနေခင်းလူစည်ကားချိန်ကြီးမှာ မိုးတွေညို့တက်လာတော့ ဒီတိုင်းသွားနေကျ
လူတွေကပဲ ရုတ်ရုတ်သဲသဲတွေသွားလာပြေးလွှားနေသလိုဖြစ်ကုန်ကြကာ...။

"သားလေး မြန်မြန်လျှောက်..မိုးမိလိမ့်မယ်.."

ကိုယ့်တိုက်ခန်းကို လှမ်းမြင်နေရပြီဖြစ်ကာ ထီးပါပေမဲ့ ဖွင့်ဖို့ ဆောင်းဖို့ လက်နှစ်ဖက်လုံးကမအား...။

"Omma.. ယောင်ဟို ရေခဲမုန့်စားချင်တယ်.."

"သားရယ် မိုးရွာတော့မယ်ဟာ ရေခဲမုန့်ကြီးမစားပါနဲ့၊ သား အဲ့ဒါရပ်၀ယ်နေရင်လည်း မိုးလွတ်မှာမဟုတ်ဘူး.."

"Ommaကလည်း.."

သား နှုတ်ခမ်းလေးစူသွားတော့ ဈေးသည်ကိုပဲစိတ်တိုသွားမိသည်။

မိုးတွင်းရောက်နေတာတောင် ရေခဲမုန့်တွေရောင်းနေကြတာ ရာသီဥတုကိုမေ့လျော့နေကြသလားမသိ..။

"နော်..Ommaနော်လို့.."

"Aigoo ဟုတ်ပါပြီ သွား၀ယ်ချည်လေ.. သား ဘောင်းဘီအိတ်ထဲမှာ အရုပ်ကောက်တုန်းက အကြွေလဲထားတာတွေ ရှိသေးတယ်မလား.. Ommaပိုက်ဆံအိတ်ဖွင့်ဖို့
လက်မအားတော့ဘူး.."

"ရှိတယ်..Ommaပြန်နှင့် ယောင်ဟို နောက်ကလိုက်ခဲ့မယ်.."

"သား ဖြစ်ရဲ့လား.."

"ဖြစ်ပါတယ်ဆို.."

"အိမ်ကိုတန်းပြန်ခဲ့နော်..ဘာမှရပ်ကြည့်မနေနဲ့ .."

"Araseo.."

နေတာက သုံးလွှာမှာဖြစ်ကာ ခုနစ်လွှာစလုံးမှာလည်း ကိုယ့်အသိတွေပဲမို့ ဒီပတ်၀န်းကျင်‌
လောက်မှာတော့ အန္တရာယ်ရှိနေလိမ့်မည်လို့
မထင်မိတာအမှန်ပင်..။

"Arjushi.. Arjushi ဒီမှာ Arjushiအတွက် ငါးပေါင်မုန့် .."

တိုက်ခန်းစောင့် ဦးလေးကြီးက အသက်လေးဆယ့်ငါးနှစ်ရှိပြီဖြစ်ကာ လူကလည်း
လျှင်မြန်ဖျတ်လတ်နေပြီး စကားနည်းသည်။

You've reached the end of published parts.

⏰ Last updated: Dec 30, 2021 ⏰

Add this story to your Library to get notified about new parts!

𝗕𝗮𝗱 𝗥𝗼𝗺𝗮𝗻𝗰𝗲Where stories live. Discover now