CHAPTER 319

6K 1K 38
                                    



Zawgyi ver..



ကပ်ဘေးဆိုးကြားမှ အမြတ်ထွက်ခြင်း


နှစ်ရက်ကြာသောအခါ ယူရှောင်မိုနှင့်လင်းရှောင်တို့ မြေမညီကုန်းလျှောသို့ ရောက်ရှိလာခဲ့ကြသည် ။

၎င်းတို့နှစ်ယောက် တွေ့မြင်နေရသည်မှာ နက်ရှိုင်းသောတောအုပ်အတွင်းရှိ ဘယ်လိုအန္တရာယ်မျိုး ပုန်းအောင်းနေမှန်း မည်သူမှမသိနိုင်သည့် ကျယ်ပြန့်သော ကုန်းလျှောကြီးတစ်ခု ဖြစ်သည်၊ ၎င်းကုန်းလျှောသည် ကျိုးလင်ပြောခဲ့သည့်အတိုင်း တစ်ထေရာတည်းပင်၊ အတွင်း၌ ပုန်းခိုနေသော အဆင့်မြင့် မှော်ဝင်သားရဲများစွာရှိပြီး ထိုနေရာသို့ သတိမထားဘဲ ဝင်သွားမိပါက သေလမ်းလျှောက်သကဲ့သို့သာ ဖြစ်ပေလိမ့်မည် ။

ယူရှောင်မို သစ်ပင်တစ်ပင်ပေါ်၌ရပ်ကာ မြေမညီကုန်းလျှောအား ငေးကြည့်နေမိသည် ။

၎င်းတို့နှစ်ယောက် ဤနေရာသို့ရောက်ရန် နှစ်ရက်ကြာ ခရီးနှင်ခဲ့ရသည်၊ အကယ်၍ လင်းရှောင်တစ်ယောက်တည်းသာ ဦးဆောင်ပြေးခဲ့ပါက ဤမျှ ကြာလိမ့်မည်မဟုတ်ပေ၊ သို့သော် ယူရှောင်မိုသည် လေ့ကျင့်ရေးဆင်းရန်ရည်ရွယ်၍ ခရီးစဉ်အစမှအဆုံး ကိုယ့်အားကိုယ်ကိုး၍ ပြေးလာခဲ့သည်၊ လာရင်းလမ်းတစ်လျှောက်၌ ကျောင်းတော်မှကျောင်းသားများနှင့် တွေ့ခဲ့သော်လည်း နှစ်ယောက်သားသည် ၎င်းတို့အား ရှောင်ကွင်းသွားရန် ဆုံးဖြတ်ခဲ့ပေသည် ။

" ဒီနေရာက တကယ်အကြီးကြီးပဲ! "

ယူရှောင်မို စိတ်လှုပ်ရှားစွာ ပြောလာသည် ။

သူသည် အစက ဤမြေမညီကုန်းလျှောအား အလွန်ဆုံး မီတာတစ်ရာလောက်သာ ရှိမည်ဟု ထင်ထားခဲ့သော်လည်း လက်တွေ့တွင် ထိုထက် အဆဒါဇင်ခန့် ပိုကြီးနေလိမ့်မည်ဟု မထင်ခဲ့မိပေ၊ ဤမျှကြီးမားကျယ်ပြောသည့်နေရာ၌ အဆင့်ကိုးဆေးပင်အား ရှာရန်မှာ လုံးဝမဖြစ်နိုင်သော တာဝန်သာဖြစ်ပေသည် ။

လင်းရှောင်မှ သူ့အတွေးအား သိနေသည့်ဟန်ဖြင့် ပြောလာသည် ။

" ကိုယ်တို့ သားရဲတစ်ကောင်လောက် ဖမ်းပြီးမေးလိုက်ရင် သိရမှာပါ "

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now