'' အား.. ကြောက်ပါပြီအဘွားရဲ့ မရိုက်ပါနဲ့တော့ အား..
သားအဆင့်တတ်လာတာပဲလေ အဘွားပဲအဆင့်တတ်အောင်လုပ်ဆို ''''............''
အိမ်ရှေ့အိမ်က အဘွားရဲ့ရိုက်သံနဲ့ ထူးဝိုင်ရဲ့အာပြဲကြီးနဲ့ငိုသံ...
သော်တာ တစ်ချက်ပြုံးပြီး ခေါင်းကိုဖြေးဖြေးချင်းခါရမ်းလိုက်တယ်...အဘွားရဲ့အသံတစ်ချက်ထွက်မလားဖူး သူ့အသံပြဲကြီးပဲ...
'' တော်ပြီဗျာ ဒီလိုအဆင့်တတ်လာလည်းရိုက်ခံရမယ်ဆို နောက်မကြိုးစားတော့ဘူး... အီး..ဟီးဟီး...''
ခိုးနားထောင်စရာမလိုပဲ အတိုင်းသားကြားနေရတဲ့ ထူးဝိုင်ရဲ့ငိုသံပါကြီးကြောင့် သော်တာ ဟာသကားကြည့်စရာမလိုပဲ အူလှိုက်သည်းလှိုက်ရယ်နေရတယ်...
'' တော်ပြီ နောက်နေ့ကစပြီးစာမကျက်တော့ဘူး အီး ဟီးဟီး ''
''.........................''
'' အား နာတယ် အဘွားရဲ့ ဗိုက်ခေါက်ကြောတွေပျက်ကုန်ပါပြီ ''
''......................''
အဘွားရိုက်ပြီးတာတောင် နာရီဝက်လောက်ကြာတဲ့အထိ မပြီးနိုင်မစီးနိုင်အိမ်ရှေ့ပေါက်ဝမှာ ခလေးတစ်ယောက်လိုအော်ငိုနေတဲ့ထူးဝိုင်ကိုကြည့်ပြီး သနားရမယ့်အစား ရယ်ချင်စိတ်ကပိုနေတယ်
ထူးဝိုင်က သူရယ်နေတာကိုတွေ့သွားပြီး လက်ခလယ်ထောင်ပြကာ အိမ်ထဲပြန်ဝင်သွားတော့မှ သူလဲရယ်နေတာကိုလက်စသတ်လိုက်တော့တယ်....
^^^^^^^^^^^^^^^^^^^
အတန်းထဲမှာဆို အဆင့်တစ်နေရာကိုဝိုင်းလုနေတဲ့သူတွေပေါသလောက်
ကျွန်တော်တို့လို အဆင့်၄၅အောက်ကနေရာတွေကျတော့ ဘာလို့ဝိုင်းမလုကျတာလဲ? သူတို့သာဝိုင်းလုနေရင် ကျွန်တော်လဲအခုလို အရိုက်ခံရစရာအကြောင်းမရှိဖူး...ပြီးတော့ ဟိုကောင်လှောင်တာလဲမခံရတော့ဘူး..အဲ့ကောင်သော်တာက အတန်းထဲမှာဆိုအဆင့်တစ်...
ပြီးတော့ အတန်းခေါင်းဆောင်ဖြစ်တဲ့အပြင် တစ်ကျောင်းလုံးကဆရာ ဆရာမတွေရဲ့အချစ်ခံ
အဲ့ဒါတွေကို ကျွန်တော်မနာမလိုပါဘူး ကျွန်တော်ကမနာလိုတတ်တဲ့စတိုင်လဲမဟုတ်ဖူး...
ဒါပေမယ့် အဲ့ကောင်အခုလို ဆောင့်ကြွားကြွားဖြစ်တာကိုကြည့်မရလို့ သူ့နေရာကိုလုနိုင်တဲ့သူ သူ့ကိုနိုင်မယ့်သူပေါ်လာပါစေလို့ ကျွန်တော်ကြိတ်ဆုတောင်းနေမိတယ်
YOU ARE READING
ချစ်ခြင်း၏ရသ
Romanceကျွန်တော့်ဘဝထဲကိုသူဝင်လာပြီးတဲ့နောက် ကျွန်တော်ကိုယ်တိုင် မသိလိုက်အောင်ပဲ သူက ကျွန်တော့်ဘဝရဲ့အရာရာဖြစ်လာခဲ့တယ်