ချစ်လာခဲ့သောတစ်နေ့

4 0 0
                                    

Unicode

ချစ်လာခဲ့သောတစ်နေ့(one short)

"ဟေ့ကောင် မင်းဘာလုပ်တာလဲ"

"လွှင့်ပစ်လိုက်တာလေ မမြင်ဘူးလား"

"မင်း!!"
ခန်းမတစ်နေရာမှာဆယ်နှစ်အရွယ်ကလေးနှစ်ယောက်ရန်ဖြစ်နေသံဟာ အသံ‌ေတွတိတ်နေတဲ့ခန်းမကြီးအလယ်မှာ ဟိန်းထွက်လျက်..

အေးချမ်းအောင် သူ့ရှေ့ကကလေးလွှင့်ပစ်လိုက်သော မုန့်ထုပ်ကလေးကိုအမျှင်မပြတ်စွာကြည့်နေမိသည်။သူ့အတွက်ဒီမုန့်ထုပ်ကလေးဟာဘယ်လောက္မှမကြီးမားပေမဲ့ အမြဲတမ်းမစားရတဲ့သူ့အတွက်တော့အရေးပါလှသည်။ဒါကို ဟိုအဖြူကောင်လေးက ဘာမပြောညာမပြောယူပြီးလွှင့်ပစ်လိုက်လေသည်။တစ်ကယ်ဆိုအေးချမ်းအောင်ထိုကောင်လေးကိုမသိပါ။ဒါကိုဘာကြောင့်မိမိမုန့်ကိုလာဆွဲယူပြီးလွှင့်ပစ်လိုက်သလဲဆိုတာနည်းနည်းမှစဉ်းစားမရ။

"မင်း ဘာလို့ငါ့ဟာကိုလွှင့်ပစ်တာလဲ"
အေးချမ်း‌ေအာင်မကျေနပ်စွာလှည့်ပြီးမေးတော့ပြန်ဖြေလာသူကြောင့် စိတ်ထဲဒေါသထွက်သွားပါသည်။

"ရွံလို့!!"

"ဘာ!!"
ရွံလို့တဲ့လား!!ဒီဆယ်နှစ်သားအရွယ်လူသားလေး သူနဲ့မသိတဲ့ကောင်လေး ရုတ်တရက်သူ့လက်ထဲကမုန့်ကိုလာဆွဲယူပြီးလွှင့်ပစ်လိုက်တာကရွံလို့တဲ့လား။ရွံရအောင်သူကဘာဖြစ်နေလို့လဲ။
"ရွံစရာကြီး အောက်ကိုပြုတ်ကျထားတဲ့ဟာကြီးကို"

"မင်း ဘာပြောတယ်!!"
အေးချမ်းအောင်ပြောစရာစကားပင်မရှိခဲ့ပါ။တစ်ကယ်ဆိုသူ့လက်ထဲကထွက်ကျသွားတဲ့မုန့်လေးကဘုန်းကြီးကျောင်းကြမ်းပြင်ပေါ်သို့သာကျသွားတာမို့သူကောက်စားလို့ရပါသည်။ထိုအနှီကောင်‌ေလးကသူဌေးတွေမို့မစားပေမဲ့သူတို့အတွက်တော့ဒီကြမ်းပြင်ပေါ်ပြုတ်ကျတာလောက်တော့မမှု။
အမြဲသန့်ရှင်းထားတဲ့ကြမ်းခင်းတွေဟာပြောင်လက်ပြ‌ီးဖုန်မရှိတာမို့သူစားလို့ရပါသည်။ဒါကို ထိုသူဌေးသားလေးကယူပြီးလွှင့်ပစ်တာကြောင့်သူမုန့်လေးအားနှမြောမိသည်။ဒီလိုဈေးကြီးတဲ့မုန့်မပြောနဲ့အပေါစားမုန့်တောင်အမြဲ၀ယ်မစားနိုင်တဲ့သူ့အတွက်နှမြောစိတ်ကထောင်းခနဲပင်။

You've reached the end of published parts.

⏰ Last updated: Dec 31, 2021 ⏰

Add this story to your Library to get notified about new parts!

ချစ်လာခဲ့သောတစ်နေ့Where stories live. Discover now