အချစ်က သာယာတဲ့ ဆည်းလည်းလေး

318 14 1
                                    


လှပတဲ့မနက်ခင်းတစ်ခုမှာ ချစ်ရသူနဲ့ အတူနှိုးထခြင်းဟာလည်း ကံအကောင်းဆုံးလူသားတစ်ယောက်ဖြစ်နိုင်မယ် ထင်ပါရဲ့...
ဘယ်ဘက်လက်မောင်းက အနည်းငယ် ကျဥ်သည့် ဒဏ်ကြောင့် ငုံ့ကြည့်မိတော့ ပါးဖောင်းဖောင်လေးနဲ့ အဖြူလူသားလေးက ရင်ခွင်ထဲမှာ လက်ကို ခေါင်းအုံးလုပ်ပြီး အိပ်နေလေရဲ့...ထိုလူသားကြောင့် ရှောင်ရှောင်းကျန့် ဆိုတဲ့ လူသားရဲ့ အနာဂတ်က ပိုပြီး အဓိပ္ပာယ်ရှိလာတာ...ပိုပြီးလှပလာတာပေါ့... အသက်ကို ပုံမှန်ရှူပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ဝမ်ရိပေါ် ဆိုတဲ့ ရှောင်းကျန့်ရဲ့ သက်ဆိုင်သူလေးကလည်း ထိုနည်းတူပါပဲတဲ့...
ချစ်ရသူရဲ့ မေးဖျားလေးကို တစ်ချက်ငုံ့နမ်းတော့ တအင်းအင်းတအဲအဲ နဲ့ မျက်လုံးတွေကို ပွတ်သတ်ပြီး နိုးလာပါတော့တယ်...

"Morning ဝမ်ငယ်"
ချစ်ရသူရဲ့ နံနက်ခင်း နှုတ်ဆက်သံဟာ ပျားရည်ထက်ကို ချိုလို့... မရိုးအီနိုင်သေးတဲ့ လုပ်ဆောင်ချက်အပြုအမူတွေထဲမှာ ထိုစကားသံဟာလည်း တစ်ခုအပါအဝင်ပါပဲ....

"Morning ကော"
ပြန်ဖြေနေတဲ့ ရိပေါ်ဟာ မျက်လုံးကို လက်တစ်ဖက်နဲ့ အဆက်မပြတ်ပွတ်နေပြန်တယ်...

"တော်ပြီ...ဆက်မပွတ်နဲ့တော့ မျက်လုံးတွေ နာတော့မှာပဲ"

ရှောင်ကျန့်ရဲ့ တားမြစ်သံ အဆုံး ရိပေါ်က ရှောင်းကျန့်ကို သွားဖွေးဖွေးလေးတွေနဲ့ အစွမ်းကုန်ဖြဲကာ ဟီးခနဲရယ်ပြသည်...

"တစ်ကယ့်ကို ချစ်စရာကောင်ငယ်လေးကို ပိုင်ဆိုင်ထားရတာပဲ...
ရှောင်းကျန့်က ကံကောင်းလိုက်တာတဲ့"
လူအများက ရှောင်းကျန့်ကို ဝမ်ရိပေါ်နဲ့ ပတ်သတ်ပြီး ကံကောင်းသူဟု မှတ်ချက်ပေးအားကျနေပေမယ့် ထိုကောင်လေး ဘယ်လောက်ဆိုးလဲဆိုတာ ပတ်ဝန်းကျင် မသိပေ...

အသက်အားဖြင့် 6နှစ်လုံးလုံး ကွာသည့်အပြင် တစ်ဇွတ်ထိုးဆန်သည့် ချစ်ရသူကောင်ငယ်လေးကြောင့် ရှောင်းကျန့်မှာ ဝမ်ရိပေါ်နဲ့ပတ်သတ်လာရင် ကလေးအဖေလုံးလုံးကိုဖြစ်လို့...

"ကော....ချီ"
ရိပေါ်ရဲ့ စကားကြောင့် ရှောင်းကျန့်ရဲ့ အတွေးတို့ ကြက်ပျောက်ငှက်ပျောက်....
စောစောစီးစီး ရိပေါ်တို့ကတော့ ဇာတ်လမ်းတွေ စလာပြီ...
မနေ့က နေမကောင်းဖြစ်ပြီး အီနေလို့ သူ့သဘောတိုင်း လိုက်လျောပေးခဲ့တာကို ခုထိချော်လဲရောထိုင်တုန်း...

အချစ်ရဲ့ သက်တော်စောင့်Where stories live. Discover now