အချစ်ရဲ့ သက်တော်စောင့်

118 5 0
                                    

Uni

About 6 years ago...
Chongqing, China

"မား...သားသွားတော့မယ်နော်"

"ငါ့သားကံကောင်းပါစေကွယ်..."

"သား Beijing ရောက်မှပဲ ဖုန်းထပ်ဆက်လိုက်မယ်လေနော်..."

"အေးပါ...သားရယ် ကဲနောက်ကျတော့မယ် သွားတော့လေ"

မျက်စိ​ရှေ့ကနေ တစ်ရိပ်ရိပ်ပျောက်ကွယ် သွားသော သားဖြစ်သူကို ကြည့်ရင်း လင်းမေဟုန်  ကျမျက်ရည်ချောင်းဖြစ်အံ့....
ချမ်းသာတဲ့ မိသားစုက ကြီးပြင်းလာခဲ့သော်လည်း ကံကြမ္မာရဲ့ အလှည့်အပြောင်းမှာ ကုန်းကောက်စရာမရှိအောင် ဆင်းရဲခဲ့သည်...အမျိုးသားဖြစ်သူရဲ့ Company share များ အသိမိတ်ဆွေရဲ့ သစ္စာ ဖောက်မှုကြောင့် ဆုံးရှုံးကာ နေအိမ်ကအစဖယ်ရှားခံလိုက်ရပြီး အိမ်ပြန်လမ်းတွင်ပင် လုပ်ကြံခံရမှုကြောင့် ကားမတော်တဆ မှုနှင့် ပွဲချင်းပြီး ဆုံးသွားရှာသည်...
အခုတော့ ပေကျင်းကို ပြန်သွားသော သားဖြစ်သူ ရှောင်ရှောင်းကျန့် ကို ကြည့်ရင်း အတိတ်တို့က တစ်ဆတစ်ဆ ဝေဝါးသွားသည်...ခုဆို အိမ်ကောင်းရာကောင်းနှင့် တင့်တင့်တယ်တယ် နေနိုင်ခဲ့သည်မှာ သိပ်မကြာသေး...ဆင်းရဲတဲ့ ဘဝကတော့ လွတ်မြောက်သွားပြီပေါ့...

အလုပ်အရ ရှောင်ရှောင်းကျန့်က Beijing university တွင် နည်းပြ လုပ်နေသည်...ပြေးကြည့်မှ နှစ်ယောက်တည်းရှိတော့သော မားဖြစ်သူ လင်းမေဟုန်အား Beijingသို့ လိုက်ပါနေရန်ခေါ်သော်လည်း အတိတ်တွေကြား လွတ်မြောက်ဟန် မရှိသေးသည့် မားက မည်သို့ပင် ဖြောင်းဖြစေကာမူ မလိုက်ခဲ့ပါ...အေးချမ်းတဲ့ မွေးရပ်မြေမှာပဲ သူနေချင်တော့တယ်တဲ့...

ခွင့်ရတုန်းလေး  Chongqing ကို ရက်အနည်းငယ် ပြန်နေပြီးနောက် စာတမ်းပြုစု စရာရှိသေးသည့် မပြီးပြတ်သည့် အလုပ်ကိစ္စ များကြောင့် Beijing သို့ ပြန်လာရသည်...

China,Beijing...
At 11:25 A.M

"ဝေ...ရှောင်းကျန့် ပြန်လာပြီလား..."

"omm...လမ်းမှာပဲရှိသေးတယ်..."

"ပြန်ရောက်ရင်...ကျဲဝန်းချင်က သူ့ဆီဝင်ပါအုံးတဲ့"

"Ok...ok bb"

"Ok see you"

ကားလမ်းမပေါ်တွင် မီးပွိုင့်မိနေချိန် uni က လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း ဖြစ်သူ ဝန်းနင်က ဖုန်းဆက်လေတယ်...သူ့အမဖြစ်သူ ဝန်းချင်ဆီလည်း ဝင်ဖို့ မှာလိုက်သေးတဲ့ အတွက် မဖြစ်မနေ ဝင်ရအုံးမည် မဟုတ်ရင် ဒီတစ်နေ့လုံး ရှောင်းကျန့် နားပူတော့မှာ...

You've reached the end of published parts.

⏰ Last updated: Dec 28, 2021 ⏰

Add this story to your Library to get notified about new parts!

အချစ်ရဲ့ သက်တော်စောင့်Where stories live. Discover now