လူတစ်ယောက်...
ချောက်ကမ်းပါးကနေ ပြုတ်ကျသွားတဲ့ အချိန် ....
ရင်ထဲက တစ်ခုခု လစ်ဟာ သွားသလို ခံစားချက်....။
ပြုတ်ကျသွားတဲ့သူ လို့ ယူဆရတဲ့ နာမ တစ်ခုကို
ကျယ်လောင်စွာ အော်ခေါ်ရင်း ....
နိုးထလာခဲ့တဲ့မနက်တွေက ခုထိတောင် မကုန်ဆုံးနိုင်သေးဘူး။
"ဟိုဆော့"
"ဘယ်သူလဲ "
"ဟိုဆော့ ဆိုတာ ဘယ်သူလဲ"အခန်းတစ်ခု.....
ကောင်လေး၂ယောက်ဘေးချင်းကပ်လျက် ထိုင်နေကြပြီး
ပျော်တတ်ပုံရတဲ့ ကောင်လေးက ပြောနေတာတွေကို
မိန်းမိန်းကြီး ထိုင်ကြည့်ပြီး သွားဖုံးရဲရဲလေးတွေပါ
ပေါ်အောင်ရယ်နေတဲ့ နောက်ထပ်ကောင်လေးတစ်ယောက် ။
အဲ့ဒီနောက်မှာ တစ်ခန်းလုံး ရယ်သံတွေ လွှမ်းခြုံသွားတယ်။
ရယ်မောနေတဲ့ ကောင်လေး၂ယောက် ၊
ရယ်သံတွေ လွှမ်းခြုံထားတဲ့ အခန်းငယ်လေး ၊
ထိုအရာတွေက တစ်ခနချင်းမှာ ပဲ ရုတ်ချည်း ပျောက်ကွယ်
သွားခဲ့ပြီး၊တစ်နေရာကနေ ပြုတ်ကျသွားသလို ခံစားချက်.....
အဲ့ဒီနောက် ပြုတ်ကျသွားတဲ့ ကောင်လေး က
ကြောက်ရွံ့ပြီးငိုယိုနေတာ မျိုး မဟုတ်ဘဲ
သူ့နှုတ်ခမ်းပါးကနေ တိုးညင်းစွာ ပွင့်အန် လာခဲ့တဲ့စကားလေး......
"ဟျောင်းန် ပျော်ပျော်ရွှင်ရွှင် ကျန်ရစ်ခဲ့ပေးပါ ...ချစ်တယ်"
ထိုအိပ်မက်ရဲ့နောက် မျက်ရည်စီးကြောင်းတစ်ခု စီးကျသွား
ပြီး နိုးထလာခဲ့တဲ့ သူ။😝ဖင်ရှည်ပြီး ရေးပြန်ပြီလေ။
ဖတ်မှာလားယို့👉👈
Minimoniလေးလည်း ရေးအုန်းမှာ။🐨🐤
#보라해....아미💜😝ဖတ်ဆိုဖတ်လိုက်တော့😑