[Unicode]မင်းကိုဘယ်လိုစိတ်နဲ့ထားခဲ့ရမလဲမသိပေမဲ့
မင်းရဲ့လုပ်ရပ်တွေအတွက်ပြန်ပေးဆပ်ရဖို့
ငါသေချာပေါက်မင်းကိုစွန့်လွှတ်ရမယ်ဂျောင်ကု။||
𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄
||အမေဖြစ်သူထည့်ပေးသောစားသောက်စရာနှင့်လက်ဆောင်များမှာဧည့်ခန်းကစားပွဲပေါ်တွင်အပြည့်ပင်။အဒေါ်ကြီးနှင့်ကောင်မလေးနှစ်ယောက်ကိုလည်းလက်ဆောင်တစ်ချို့ဝေခွဲပေးကာ ဆူဘင်း၊အကိုဂျွန်းနှင့်အကိုဆော့ဂျင်
အတွက်ကိုလည်းလက်ဆောင်တွေသပ်သပ်ဖယ်ရင်း အလုပ်ရှုပ်နေသည့်ထယ်ယောင်း။သူ့စိတ်ထဲတစ်မျိုးဖြစ်နေသည်က အိမ်ကိုရောက်ကတည်းကသူ့အားမျက်တောင်တစ်ချက်မခတ် ဘာလုပ်လုပ်သေချာလိုက်ကြည့်နေသည့်ဂျောင်ကုပင်။
ထွက်သွားခါနီးမှထူးဆန်းတာတွေလုပ်နေလည်း
ငါကတော့ဆုံးဖြတ်ချက်ခိုင်မာပြီးသားဂျောင်ကု။"ကိုကို.."
အလုပ်ရှုပ်နေသည့်ထယ်ယောင်းအားခေါ်လာသည့်ဂျောင်ကု။
ထယ်ယောင်းလှည့်တော့မကြည့်ဖြစ်ပေမဲ့ ပါးစပ်ကထူးရုံလေးသာထူးလိုက်သည်။"အင်း"
"ကျနော်ကိုကိုနဲ့အစကနေပြန်စခွင့်ရှိမလား?"
မျက်နှာတည်တည်ဖြင့်ပြောလာသာဂျောင်ကုစကားကြောင့် ထယ်ယောင်းကိုဝိုင်းကူပေးနေသည့်ကောင်မလေးနှစ်ယောက်မှာ အထူးဆန်းတဖွယ်သူတို့သခင်လေးဂျောင်ကုအား မော့ကာပြူးတူးတူးလေးကြည့်နေကြသည်။
ထယ်ယောင်း ကောင်မလေးနှစ်ယောက်ကို
တခြားအလုပ်သွားလုပ်ရန်လွှတ်လိုက်ပြီးဂျောင်ကုဘက်လှည့်ကြည့်တော့သူ့အားအသနားခံစွာကြည့်နေသောဂျောင်ကုရယ်ပါ။
ထယ်ယောင်းခေါင်းတစ်ချက်ခါလိုက်ပြီး"ဂျောင်ကု ဘာလှည့်ကွက်မှသုံးဖို့မစဉ်းစားနဲ့၊ ငါကမင်းရဲ့လှည့်ကွက်တွေထဲထပ်ပြီးပြိုလဲတော့မှာမဟုတ်ဘူး"
"မဟုတ်ဘူး ကိုကို ကင်မ်ဂျီ၀န်း.. ကိုကိုကကင်မ်ဂျီ၀န်းနဲ့သိပ်တူတာ"
"ကင်မ် ဂျီ ၀န်း ? မင်းရဲ့အချစ်ဦးလား? ဒါဆိုသူကမင်းချစ်ခဲ့ဖူးတဲ့တစ်ယောက်ပေါ့"
"အဲ့တော့ ငါက ကင်မ်ဂျီ၀န်းနဲ့တူလို့ ရုပ်ချင်းဆင်လို့ မင်းကကင်မ်ဂျီ၀န်းကိုမကျေနပ်တာနဲ့ပဲ ရုပ်ချင်းဆင်တဲ့ငါ့အပေါ်ဒေါသဖြေလျှော့လိုက်ရောလား? ဟုတ်လားဂျောင်ကု?"
YOU ARE READING
𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 || COMPLETED ||
Fanfiction"ကိုကို ခင်ဗျားကိုကျနော်မချစ်ဘူး" 𝚔𝚝𝚑 𝚡 𝚓𝚓𝚔 𝚄𝚗𝚒𝚌𝚘𝚍𝚎 𝚊𝚗𝚍 𝚉𝚊𝚠𝚐𝚢𝚒𝚌𝚘𝚍𝚎