အပိုင်း(၁)
ညသန်းခေါင်ယံအချိန် အိပ်ယာပေါ်မှာချွေးစောတွေပြန်နေတဲ့ကောင်ငယ်လေးတစ်ယောက်၊ မျက်စိပိတ်ထားပါရက်နဲ့ညည်းညူသံတွေနဲ့အတူ စောင်ကိုကျစ်ကျစ်ကိုင်ထားတဲ့လက်တွေက ချွေးတွေပြန်လို့နေသည်။
"တောင်းပန်ပါတယ် ၊တောင်းပန်ပါတယ်"ဆိုတဲ့စကားကိုထပ်ခါထပ်ခါပြောပြီး ခုထိမျက်လုံးမဖွင့်သေးပေမဲ့ တုန်လှုပ်ပြီးငိုနေပြန်တယ်၊ ထို့နောက်ရုတ်တရက်လန့်ပြီးမျက်လုံးအကျယ်ကြီးဖွင့်ကထနိုးလာခဲ့သည်။
မောဟိုက်နေဟန်ဖြစ်သောထိုကောင်လေးက သက်ပျင်းတစ်ချက်ချကာ စားပွဲပေါ်မှာတင်ထားတဲ့နာရီကို ကြည့်လိုက်သည်။ ခုမှ ၃ နာရီပဲရှိသေးသော်လည်းပြန်အိပ်လို့မပျော်နိုင်ဘူးဆိုတာသိ၍ အိပ်ယာပေါ်မှထပြီး ထိုင်နေလိုက်သည်။"မောနေပြီး။ ညတိုင်းဒီအိမ်မက်မက်ရတာပင်ပန်းနေပြီး။ ကျွန်တော့်ကိုကောင်းကောင်းအိပ်စက်ခွင့်ပေးပါတော့လားမေမေ"
နံရံပေါ်ကဓါတ်ပုံဘောင်မှာပြုံးပြနေသောမေ့မေ့ကို့ကြည့်ပြီး မျက်ရည်ခပ်ဝဲဝဲနှင့်သူတောင်းဆိုနေမိပြန်တယ်။ ဒီလိုတောင်းဆိုတာဘယ်နှစ်နှစ်ရှိသွားပြီးလဲ။ ညတိုင်းအိမ်မက်ထဲမှာဒီမြင်းကွင်းဆိုးကြီးပဲမြင်နေရတာတကယ်ပင်ပန်းနေပြီး။ မေမေဆုံးပြီးကတည်းကတောက်လျှောက်မက်လာခဲ့တာအခု ၁၀ နှစ်တောင်ရှိသွားပြီး။ ၁၀ နှစ်အတွင်းကောင်းကောင်းအိပ်ခဲ့ရတဲ့ညမရှိလောက်အောင်ပင်အိမ်မက်ဆိုးတွေကသူ့ကိုဝါးမြိုနေခဲ့တယ်။
.
.
.
.
မနက်ခင်း၆နာရီထိုးတော့အသားရောင်ကုတ်ရှည်ကြီးကိုဆွဲပြီး ကားဆီအမြန်လျှောက်လာခဲ့သည်။ နှင်းကျနေသည်မို့လမ်းပေါ်မှာနှင်းပွင့်များကနေရာအနှံ့ပြန့်ကျဲနေတာကို ၅စက္ကန့်လောက်ထပြီးငေးကြည့်နေလိုက်မိသည်။ သူငယ်ငယ်ကနှင်းကျတာကိုအရမ်းသဘောကျဖူးတယ်မဟုတ်လား။ နှင်းကိုကြိုက်လွန်းလို့မေမေကသူကို snow princeလို့တောင်ခေါ်ခဲ့တာကိုပြန်တွေးကြည့်ပြီး သူ့ရဲ့နှုတ်ခမ်းလေးကနည်းနည်းလေးကွေးတက်သွားသည်။ ကားထဲဝင်ပြီးအိပ်ကပ်ထဲမှမြည်နေသောဖုန်းကိုထုပ်ပြီးကိုင်လိုက်ရသည်။
YOU ARE READING
Beautiful
Fanfiction"ငါကအောင်မြင်မှုနောက်ကိုပဲလိုက်ပြီး ပိုက်ဆံကိုပဲကြည့်တဲ့လူပါ အဲဒါကြောင့်မင်းငါ့ဘဝကိုလာပြီးမပတ်သတ်နဲ့ " Huang RenJun "ဟန်ဆောင်ပြီးသန်မာပြမနေပါနဲ့ မင်းအကြောင်းငါအကုန်သိတာမို့ဒီအတိုင်းမင်းခံစားချက်ကိုဖွင့်ပြလိုက်ပါ ...