Ceo Cha Min Hoက အတွင်းရေးမှုးကိုအလှကြည့်ဖို့ခန့်ထားတာလားဆိုတဲ့မေးခွန်ဟာ လူမေးများနေတဲ့မေးခွန်းတစ်ခုပါ။
အကြောင်းကတော့ သူဟာ အကြောင်းတစ်ခုခုကြောင့် အလုပ်ကိစ္စမှာပဲဖြစ်ဖြစ် အိမ်တွင်းမှုပဲဖြစ်ဖြစ် အတွင်းရေးမှူး ကိုယ်စား မန်နေဂျာချုပ်ကသာ လုပ်ပေးနေရသည်။ ဒါအပြင် ceoနဲ့ အတွင်းရေးမှူးတို့ရဲ့ဆက်ဆံရေးဟာလည်းပဲလူတွေရဲ့ပါးစပ်ဖြားမှာ ကဲ့ရဲ့စရာတစ်ခုဖြစ်နေခဲ့တယ်။
Ceoနဲ့ ကင်မိုနာဆိုတဲ့အတွင်းရေးမှူးမလေးက တရားဝင်လက်ထပ်ထားသည်မဟုတ်ပေမဲ့လည်း သူတို့ဟာ အလုပ်သမားနဲ့သူဌေးဆိုတဲ့ဆက်ဆံရေးထက်ကျော်လွန်နေတာကိုတော့အကုန်လုံးသိနေတာမို့ပါ။ ကင်မိုနာဟာဝန်ထမ်းတွေကအမြင်မကြည်ပဲ လူမုန်းများလှသည်။
သူမကိုလူမုန်းများတာကတော့ အံ့သြစရာမဟုတ်ပါဘူး။ ကင်မိုနာဟာ သူမနဲ့ceoနဲ့ဆက်ဆံရေးကိုအသုံးချပြီး ဝန်ထမ်းများကိုမတူသလိုမတန်သလိုနဲ့ ဆက်ဆံပြီးအာဏာပြနေတာလေ။ လူတိုင်းကသူမကိုစုန်းမလို့ခေါ်ကြတယ်။
ကုမ္မဏီမှာသူမလက်လွှတ်စဖွယ်နဲ့မဆက်ဆံရဲတာဆိုလို့ မန်နေဂျာချုပ်ပဲရှိတယ်။ ကျန်တဲ့လူတိုင်းသူမရဲ့ဆဲဆိုမှု ဆူပူမှုနဲ့မကင်ခဲ့ပါဘူး။
ကင်မိုနာဟာ ရမ်ကျွင့်ကိုတော့လေးလေးစားစားဆက်ဆံရတာဟာ ceoကိုယ်တိုင်ကလည်း မန်နေဂျာချုပ်ကိုအလေးထားတာမို့လေ။ ကုမ္မဏီရဲ့ရှယ်ယာ ၁၉ရာခိုင်နှုန်းဟာ ရမ်ကျွင့်ကပိုင်ဆိုင်ပြီး ၂၀
ရာခိုင်နှုန်းသာ ceoကပိုင်ဆိုင်တယ်။ ကျန်တဲ့ရှယ်ယာတွေကတော့ ရင်းနှီးမြုပ်နှံသူတွေကအနည်းငယ်စီပိုင်ဆိုင်ထားကြသည်။
ဒါ့အပြင် ရမ်ကျွင့်ကကိုရီးယားမှာအသက်ငယ်တဲ့ စီးပွားရေးပညာရှင်တစ်ဦးလည်းဖြစ်နေတယ် မဟုတ်လား။
........................................................................"ဒေါက် ဒေါက် ၊ သခင်ကြီး"
တံခါး၂ချက်ခေါက်ပြီးအသံပေးလိုက်ကာ
"ဝင်လာခဲ့ပါ "ဆိုသည့်အသံတိုးတိုးလေးထွက်လာသည်။
ကော်ဖီခွက်ကိုကိုင်ကာ သခင်ကြီးရဲ့အခန်းထဲကိုဝင်လာပြီး အလုပ်ထဲမှာပဲအာရုံရောက်နေတဲ့သခင်ကြီးရဲ့ရှေ့မှာ ကော်ဖီခွက်ကိုဖြေးညင်စွာ တင်ထားလိုက်သည်။
ကော်ဖီခွက်ချပြီးခဏကြာသည့်အထိ အခန်းထဲကမထွက်တာမို့ သခင်ကြီးက လက်ထဲမှာကိုင်းထားသည့်ဘောပင်ကိုအသာချပြီး သူ့ကိုခေါင်းမော့ကြည့်လာကာ
YOU ARE READING
Beautiful
Fanfiction"ငါကအောင်မြင်မှုနောက်ကိုပဲလိုက်ပြီး ပိုက်ဆံကိုပဲကြည့်တဲ့လူပါ အဲဒါကြောင့်မင်းငါ့ဘဝကိုလာပြီးမပတ်သတ်နဲ့ " Huang RenJun "ဟန်ဆောင်ပြီးသန်မာပြမနေပါနဲ့ မင်းအကြောင်းငါအကုန်သိတာမို့ဒီအတိုင်းမင်းခံစားချက်ကိုဖွင့်ပြလိုက်ပါ ...