Yours

352 57 2
                                    

Junkyuအခန်းနဲ့ ruru‌လေးအိပ်ခန်းက နှစ်ထပ်အိမ်လေးရဲ့အပေါ်ထပ် လှေကားဘေး မျက်နှာချင်းဆိုင်လျက်.

Ruruအခန်းရှေ့ သစ်သားတံခါးရွက်မှာ ruruအကြိုက်ဆုံး အတောင်ပံ တဖျက်ဖျက်ခတ်နေတဲ့ လိပ်ပြာပုံ ရုပ်ကြွတွေ ထွင်းထုထားလေသည်..သို့ရာတွင် အခုတော့ သူ့ကိုကို မကြိုက်မှာစိုးသဖြင့် လိုက်ကာစ အရှည်ကြီး ဖုံးကာထားရ၏.

👼🏻
အခန်းထဲက အရှုပ်ထုပ်တွေ အကုန် ရှင်းလင်းအပြီး ruru‌လေးလည်း ကိုကိုKyuဆီ ပြေးလာခဲ့တယ်

🦋; Ruruအခန်းထဲ သွားကြမယ် ကိုကို

ဒီအိမ်ရောက်လာကတည်းက Junkyuလည်း ‌ruruလက်ဆွဲ‌ခေါ်ရာနောက် အပြေးလိုက်နေရသည်မှာ အကျင့်တစ်ခုလိုဖြစ်နေပြီ

ကလေးရဲ့ အခန်းက သိပ်ပြီး ကလေးမဆန်ဘူး..အစိမ်းဖျော့ရောင် နံရံမှာ ပန်းပွင့်ပုံ ပန်းချီကားတစ်ချပ် ချိတ်ထားတာကလွဲလို့ တခြား အလှဆင်ထားတာ မတွေ့ရဘူး

မီးခိုးရောင် အိပ်ရာခင်း..စားပွဲနဲ့ ထိုင်ခုံကလည်း အညိုဖျော့ဖျော့..အဝတ်ဗီဒိုက အဝါရောင်ဖျော့ဖျော့..တောက်တောက်ပပရှိတာဆိုလို့ ပန်းချီကားထဲက နှင်းဆီရဲရဲပုံတစ်ခုသာ ရှိတယ်
(နံရံပတ်လည် ကပ်ထားတဲ့ လိပ်ပြာပုံတွေ မရှိတော့ဘူး)

ပန်းချီကားကို စိုက်ကြည့်ကာ အတွေးများနေသော Junkyuတစ်ယောက် ဘေးနားက အသံစူးစူးကြောင့် တုန်'ခနဲ ဖြစ်သွား၏

🦋; ကိုကို အဲ့ဒါကို ကြိုက်ရင် ယူသွားလေ

Junkyuမှာ ပြောစရာစကားပင် ပျောက်ရှ သွားသည်..ruruလေးကတော့ ပန်းချီကားကိုတောင် ဖြုတ်ပြီးနေလေပြီ၊

🐨; ဒီကလေးကတော့ ရှိသမျှ အကုန် ပေးနေတော့တာပဲ ဟားဟား

သဘောတကျ ရယ်ရင်း ruruလေး ခေါင်းကို ပွတ်သပ်ပေးလိုက်ရာ..

🦋; Ruruမှာ ရှိတာတွေကလည်း ကိုကို့ဟာပဲလေ..အကုန် ကိုကို့အပိုင်ပဲ

Junkyuရဲ့ လက်အောက် သူ့ခေါင်းလေးကို ပိုပြီး တိုးဝှေ့ကာ..မျက်လုံးစူးစူးလေးဖြင့် ကြည့်လာသော ‌ကလေးကြောင့် Junkyu ထပ်ပြီး ဆွံ့အ သွားလေသည်

𝑯𝒚𝒖𝒏𝒈'𝒔 𝑩𝒖𝒕𝒕𝒆𝒓𝒇𝒍𝒚🦋Where stories live. Discover now