6

9.1K 1.1K 88
                                    

အပိုင်း - ၆ -

ရွာဓလေ့မို့ ပဲပေါ်တဲ့အချိန် အကြီးအကဲရဲ့အိမ်မှာလူစုပြီး စားသောက်ကြတဲ့သဘောပါ၊ ပျော်ပျော်ပါးပါး ကခုန်ကြတာမျိုးလည်းပါတာပေါ့လေ၊ ဒါကြောင့် ဒီနေ့တော့ ရွာလုံးကျွတ်သူကြီးအိမ်မှာ စည်စည်ကားကားပဲ။

ရှောင်းကျန့်က အရက်ပြင်းတွေသိပ်သောက်လေ့မရှိဘူး၊ ဒါပေမဲ့ သူကြီးကငှဲ့ပေးလာတာမို့ မတတ်သာပဲ၊ တစ်ငုံလောက်သောက်ကြည့်လိုက်မိတယ်၊ လည်ချောင်းတစ်လျှောက် ပူဆင်းသွားတဲ့စပ်ဖျင်းဖျင်းခံစားမှုက လူကိုအတော်လေးနေရခက်စေတယ်။

"အာ့...အဟွတ်ဟွတ်.. အရက်ကောင်းထင်ပါ့ အဝင်ဆိုးလိုက်တာဗျာ"

ရှောင်းကျန့်ရဲ့မှတ်ချက်ကြောင့် သူ့အရှေ့မှာဘယ်တုန်းကတည်းကရောက်နေမှန်းမသိတဲ့ ဝမ်ရိပေါ်က ထ, ရယ်တယ်၊ ပြီးတော့ ရှောင်းကျန့်ရဲ့အရှေ့ကို နီညိုရောင်အရည်တွေပါတဲ့ခွက်တစ်ခုချပေးလာရင်း။

"ရှောင်းလောင်ရှီးက ဒါလေးသောက်ပါ"

ရှောင်းကျန့်က မယုံသလိုအနံ့ခံကြည့်နေတော့ ဝမ်ရိပေါ်က နှစ်နှစ်ခြိုက်ခြိုက်ပြုံးတယ်။

"မက်မန်းသီးနဲ့ဖောက်ထားတဲ့ဝိုင်ပါ"

အဲ့ဒီတော့မှ ရှောင်းကျန့်လည်းရယ်လိုက်ပြီး တစ်ငုံမြည်းကြည့်လိုက်တယ်၊ ဝမ်ရိပေါ်ဆီမှာ သူအညာမိတာ များခဲ့ပြီမလား။

"မဆိုးဘူး.. ချိုသလို..ခါးသလိုလေး.."

ရှောင်းကျန့်ပြောပြောဆိုဆိုနဲ့ တစ်ဝက်လောက်ထပ်မော့ချလိုက်တယ်၊ ဒီညတော့ သူမူးချင်နေပြီလေ၊ ဝမ်ရိပေါ် လှမ်းဆွဲထားချင်ပေမဲ့ မမီလိုက်တော့ဘူး၊ အမှန်တော့ မက်မန်းဝိုင်ဆိုပေမဲ့ ရမ်ထည့်ဖောက်ထားတာ။

ရှောင်းကျန့်စားဖို့ အကင်တွေသွားယူပြီးပြန်လာတော့ အမူးသမားလေးက နေရာမှာရှိမနေတော့တာကြောင့် ဝမ်ရိပေါ်ခေါင်းမီးတောက်သွားတယ်။

"ရှောင်ရှား.. မင်းလောင်ရှီးရော"

ခပ်ထွေထွေဖြစ်နေတဲ့ရှောင်ရှားက ဝမ်ရိပေါ်ကိုဘုကြည့်ကြည့်လာတယ်။

"ဝမ်လောင်ရှီးရဲ့အသဲတုံးကို ကျွန်တော်ဆီမှာဘာလို့ လာရှာတာလဲ?..မသိဘူးနော်"

𝐇𝗼𝐰 𝐓𝗼 𝐓𝐫𝐚𝐩 𝐀𝐃𝐎𝐍𝐈𝐒? •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now