ပထမဆုံးအနေနဲ့ ဒီဇာတ်လမ်း ဟာ
တောင်ကိုရီးယားရဲ့ ဝမ်းနည်းကြေကွဲဖွယ်
ဖြစ်ရပ်မှန် Sewol ferry အကြောင်းကို
အခြေခံပြီးရေးသားထားတဲ့
စိတ်ကူးယဉ် ဇာတ်လမ်း ဖြစ်ပါတယ်
ပင်လယ်ကိုမချစ်ဘူး
နွေဦးကိုမချစ်ဘူး
ချယ်ရီပန်းနဲ့ဂျု့လစ်ပန်းတွေကို လည်း
မချစ်ဘူးအတိတ်ဆိုးကြီးဆီကို ပြန်မသွားချင်ပေမယ့်
နေ့တိုင်း ဒီဟာကြီးကိုပဲတွေးမိနေတယ်
မင်းကိုများပြန်တွေ့ရမလားဆိုတဲ့
အတွေးနဲ့ ကမ်းခြေနားကို
ခနခန သွားမိတယ်
ကျန်ရစ်သူတစ်ယောက်ရဲ့ခံစားချက်တွေကို
ပြန်မလာတဲ့မင်းက မသိနိုင်ပါဘူး
ထာဝရအဆုံးထိ မင်းလာမယ့်နေကို စောင့်နေမှာဟောင်းနွမ်းနေတဲ့ ကြိုးအနီလေးကို
လက်တွင်ရစ်ပတ်ကာ
ပင်လယ်အား ငေးနေတက်တဲ့ အဘိုးအို" ဝါးးးးး နွေဦးရောက်ပြီပဲ "
Danwon အထက်တန်းကျောင်းရဲ့
ကျောင်းဝန်းထဲမှာ ချယ်ရီပန်းတွေဟာ
အပြိုင်အဆိုင်ပွင့်နေကြတယ်
ဂျု့လစ်ပန်းငယ်လေးတွေ ချယ်ရီပန်းလေးတွေ
ပွင့်တဲ့ ဒီလကို April လကို
ဆောနူ သိပ်သဘောကျတယ်
ဒါပေမယ့် နွေဦးထက်
သဘောကျတဲ့အရာတစ်ခု ဆောနူမှာရှိသေးတယ်
အဲ့တာ park Sunghoonဆောနူ ကျောင်းဝန်းရဲ့ စက်ဘီးထားရာ
နေရာ စက်ဘီးရပ်ပြီး
အထက်တန်းနောက်ဆုံးနှစ် အခန်းရှိရာသို့
အမြန်ပြေးသွားလိုက်တယ်
ဒါက သူ့ရဲ့ တာဝန်ပဲလေ
မနက်မိုးမလင်းခင်
စီနီယာကိုချောင်းမယ်
ကျောင်းမုန့်စားဆင်းရင်
စီနီယာ စားတာလိုက်စားမယ်
ကျောင်းပြန်ရင် စီနီယာ စီးတဲ့
Bus ကားဂိတ်ထိလိုက်မယ်" ဆောနူ!!!!!!! ကင်ဆောနူ!!!!!! "
စီနီယာ အခန်းနား ရောက်ခါနီး
ကျားလိုက်သလို အော်နေတဲ့
ဂျောင်ထယ်