3🔞

71.9K 2.3K 319
                                    

Part-3
...........

"ဦး.....!"

"ဦးရေ...!"

"ဦး!"

ဦးဆိုသော အသံနှင့်အတူ သျှားရဲ့လက်တစ်ဖက် တင်းကျပ်စွာ ဆုတ်ကိုင်ခံလိုက်ရသည်။

သျှားအခု ညစျေးတန်းမှာ မုန့်လျှောက်စားနေရင်း လူကြားထဲ လက်ဆွဲခံလိုက်ရခြင်းပင်။

လှည့်ကြည့်လိုက်တော့ ဟိုကောင်လေး ဖြစ်နေတာကြောင့်...

"ဟာ....ဟေ့ ကောင်! လွှတ်!"

"လာ....လိုက်ခဲ့...."

သူ့လက်ကို အတင်းဆွဲကာ လူတွေ ကြားထဲ တိုးဝှေ့ရင်း တစ်နေရာဆီသို့ ဦးတည် သွားနေလေသည်။

သျှားဖက်က တစ်ခါမှားခဲ့တာ မှန်ပေမယ့် ဒီလို ရှုပ်ရှုပ်ရှက်ရှက်တွေ လာနွယ်မှာကို မကြိုက်ပါ။ ထို့ကြောင့် ထိုကောင်လေး လက်ထဲမှ မိမိလက်အား ရုန်းလိုက်သည်။

သျှား အတင်း ရုန်းသော်လည်း လွှတ်ဖို့နေနေသာ တုပ်တုပ်တောင် မလှုပ်ပေ။

ဒီလောက် အားသန်အောင် ဒီကောင်လေးကို 'မ'က ဘယ်လိုတွေ ကျွေးမွေးထားတာလဲ။

မှောင်မိုက်တဲ့ နောက်ဖေးလမ်းကြား တစ်နေရာ ရောက်တော့...

"ဦး..."ဆိုကာ သျှားကို ဆွဲဖက်တော့၏။

ရုတ်တစ်ရက် နွေးထွေးတဲ့ ရင်ခွင်ကျယ်ကြီးထဲ သျှား ရောက်သွားချိန် စိတ်ထဲ အနည်းငယ် လုံခြုံသွားသလို ခံစားရသည်။

ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်တော့ ဘယ်သူမှ မမြင်နိုင်တဲ့ နေရာမို့ အနည်းငယ်တော့ စိတ်အေးမိ၏။

နို့မို့ဆို Cacira company ရဲ့ Ceoက လမ်းကြားထဲမှာ သူ့ထက် အသက်အများကြီးငယ်တဲ့ ကောင်လေးရဲ့ ဆွဲလားရမ်းလား လုပ်ခြင်း ခံနေရပါတယ်ဆိုတာ လူတွေ သိသွားရင်။

အချိန်အနည်းငယ် ကြာလာသောအခါ ပို၍
တိုးဖက်လာတာကြောင့်...

"ကောင်လေး... လွှတ်တော့...ငါအသက်ရှု ကျပ်နေပြီ...."

"ခနလေးပါ....ခနလေး..ဦးကို လွမ်းလို့..."

"နေပါဦး... ငါတို့ မတွေ့တာ တစ်ရက်ပဲ ရှိသေးတယ်လေ..."

Ex'Son 🔞||Completed||Where stories live. Discover now