''ဒီနေ့ စာမသင်တော့ဘူး''
''ဟေး ~''
ဆရာSuhoရဲ့ စကားနောက်မှာ ငပျင်းအတန်းပီသစွာပဲ ကျောင်းသားတွေရဲ့ ဟေးခနဲအော်သံက ညံထွက်လာတယ်။
''ဒီနေ့ ဘာနေ့''
''December 31''
''ဆိုတော့ ဒီည''
''Happy New Year Party လုပ်ကြမယ်''
''အဲတော့ တနေကုန်ဘာလုပ်ကြမလဲ''
''ပြင်ကြဆင်ကြမှာပါဗျို့''
စင်ပေါ်က အဆိုတော်က တစ်ခွန်းပြောလိုက် မိုက်ထိုးပေးလိုက် အောက်က ပရိသတ်တွေက လိုက်အော်နေသလိုပဲ ဆရာနဲ့ကျောင်းသားတွေက အပေးအယူသိပ်တည့်။
Baekhyun မှာ ပါးစပ်အဟောင်းသားကိုဖြစ်လို့။ ကျောင်းပြောင်းလာတာကြာပြီကိုပဲ ခုထိ အံ့သြစရာတွေတစ်ခုပြီးတစ်ခုတွေ့နေရတုန်း။ ယောက်ျားလေးသီးသန့်ကျောင်းမလို့လည်း ပါမယ်။ လွတ်လွတ်လပ်လပ်ရှိလှပြီး တအားလည်း ဗရုတ်ကျကြတယ်။ ဆရာကစလို့ ကျောင်းသားအဆုံးပဲ။
''ကျောင်းမှာ လုပ်မှာနော်။ ပျော်စရာကြီး ဟီး''
လက်ခုပ်လေးတီးလို့ သူ့ကို လှမ်းပြောတဲ့ Sehun က မျက်လုံးလေးတွေတောင် အရောင်တောက်နေသလိုပဲ။
''အပြင်ကသူတွေကို ဖိတ်လို့ရလား ဆရာ''
''မိန်းကလေးတွေဆို ည ၈ နာရီနောက်ဆုံးထိ နေလို့ရမယ်''
''ဟာ အစောကြီး''
''မကျေနပ်ဘူးလား''
''ဟီး ရတယ် ဆရာ''
မိန်းကလေးတွေကို ဖိတ်ခွင့်ပါမစ်လေးပါ ပိတ်သွားမစိုးလို့ သဘောတူ သွားဖြီးပြကြရတာပါပဲ။ ကျောင်းသားတွေကတော့ Count Down ရေတဲ့အထိ နေလို့ရတယ်ဆိုတော့ ၁၂ထိပေါ့။
''ပြီးတော့ ကျောင်းဝတ်စုံပဲဝတ်ရမယ်နော်''
''ဟာကွာ.. အဲဒါကြီးကတော့'' အစချီကာ ရသလောက်တော့ အထွန့်တက်ကြတော့တာပဲ။ Baekhyunကတော့ ကြိတ်ရယ်မိတယ်။ တအားပဲများချင်တဲ့ကောင်တွေ .. ဝမ်းသာတယ်။
''အပြင်လူတွေ ရောဝင်လာမှာစိုးလို့ကွာ။ ပြဿနာတက်ရင် ရှင်းရခက်မယ် သဘောပေါက်လား''
YOU ARE READING
Annoy But I Love
Fanfictionအချစ်ဆိုတာ ရင်ခုန်ဖို့လည်းကောင်း အချစ်ဆိုတာ ဝမ်းနည်းစရာလည်းကောင်း အချစ်ဆိုတာ ပျော်စရာလည်းကောင်း အချစ်ဆိုတာ ရင်ခုန်ဖို့လည်းကောင်း အချစ်ဆိုတာ ဝမ်းနည်းစရာလည်းကောင်း အချစ်ဆိုတာ ပျော်စရာလည်းကောင်း