မဖတ်ခင်ပြောချင်တာက ဒါအိုင့်ရဲ့ကိုယ်ပိုင်အတွေးတော့မဟုတ်ပါဘူး။
More than friendဆိုတဲ့Dramaရဲ့ဇာတ်ကြောင်းကိုအလစ်တဲလေးယူထားပါတယ်။
ခရစ်စမတ်မှာ မဒိတ်ပေးလိုက်ရလို့ဒီညအပြီးရေးပြီးဒိတ်ပေးတာပါ ..။×××
Unknown Call
×
ဘ၀မှာ လွှဲမှားပြီး၀င်လာတဲ့ဖုန်းကောလ်တွေရှိတယ်။
လိပ်စာမှားပြီးရောက်လာတတ်တဲ့ စာတွေလည်းရှိတယ်။
မှတ်တိုင်မှားပြီး ရောက်သွားတတ်တဲ့ခရီးတွေလည်းရှိတယ်။
ပြီးတော့ .. ရင်ခွင်မှားပြီးရောက်လာတတ်တဲ့ချစ်ခြင်းတွေလည်းရှိတယ်။•
[2019ခုနှစ် ခရစ်စမတ်မတိုင်မီ၂ရက်အလို ]
" ဟယ်လို "
နီးကပ်လာတဲ့ခရစ်စမတ်ကြောင့် လမ်းတစ်လျှောက်နဲ့ပန်းခြံတချို့မှာခရစ်စမတ်အငွေ့အသက်တွေကိုစတင်ခံစားနေရပြီဖြစ်သည်။
အထပ်မြင့်အဆောက်အဦးရဲ့အစွန်အဖျားနေရာတစ်ခုပေါ်မှ ဆိုးလ်မြို့ရဲ့ညမြင်ကွင်းကိုလှမ်းမျှော်ကြည့်နေရခြင်းဟာသိပ်ကိုရင်ထိတ်စရာကောင်းနေသည်။ထို့အပြင် ကြည်နူးစရာလည်းကောင်းသည်။" ခွေးနဲ့ တူတဲ့ခွေးလိုကောင် "
" အဟွတ်..ဟွတ် "
ကြားလိုက်ရတဲ့ဖုန်းတစ်ဖက်ကစကားသံကြောင့်သောက်လက်စ ကော်ဖီပူပူတွေသည်လည်ချောင်းထဲစီး၀င်သွားခြင်းကိုဆန့်ကျင်လို့နှာခေါင်းမှပြန်ထွက်ကျလာသည်။
ဖုန်းနံပတ်ကိုသေချာပြန်ကြည့်တော့လည်းတခါမှမြင်ဖူးတဲ့ နံပတ်ဖြစ်သည်။" ဘာ ..ဘာဖြစ်တယ် "
" တစ်ကိုယ်ကောင်းဆန်ပြီးလူစိတ်မရှိတဲ့ကောင် "
" အခုပြောနေတာဘယ်သူလဲ..။ရူးနေပြီလား "
" အေးရူးနေပြီ။ရူးနေတယ်.. နင့်လိုလူမျိုးကိုချစ်နေသေးတဲ့ငါ့ကိုယ်ငါလည်းအရူးလို့ပဲသတ်မှတ်ထားတယ် "
ငိုသံတွေရောထွေးပါ၀င်နေပြီးမပီမပြင်ဖြစ်နေတဲ့ စကားသံကြောင့်ဖုန်းတစ်ဖက်ကမိန်းကလေးမူးနေခြင်းဖြစ်နိုင်သည်ဟု လီဆာသတ်မှတ်လိုက်သည်။
YOU ARE READING
Unknown Call / Jenlisa ONESHOT
Fanfictionခရစ်စမတ်နေ့မှာကျပျောက်သွားတဲ့ လူတစ်ယောက်ကိုပြန်ရှာချင်လို့ပါ။ ဆံမြိတ်ညီညီနဲ့မျက်၀န်းလှလှတွေရှိပြီး လည်တိုင်မှာမှဲ့နက်နက်ကလေးရှိတဲ့ မိန်းကလေးတစ်ယောက်ပါ။