Chapter 52(Unicode + Zawgyi)

5.5K 276 6
                                    

Unicode
Perfect Destiny (arc 5)
Doomsday child rearing handbook

Chapter 52 : အဆုံးသတ်ရဲ့အစ

ချန်လီကောတစ်ယောက် လူသေအလောင်းကြီးအလား အိပ်ယာပေါ်တွင်လဲနေသည်။

System : "ထတော့ ၊ အလုပ်လုပ်ရမယ့်အချိန်ရောက်နေပြီ"

သေမင်းတံခါးဝသို့​ခြေချတော့မည့် ပုံစံဖြင့် ချန်လီကောက အင်အားချိနဲ့စွာဖြင့် ပြန်ပြောလာသည်။
"မင်းငါ့ကို မုန်းနေမှန်းသိပေမဲ့ အခုလိုအထိ ငါ့ကိုတကယ် မုန်းနေမယ်လို့ ငါမထင်ခဲ့မိဘူး"

System : "......"

ချန်လီကော : "ထုန်ရှီ ငါတို့ ဒီအကြောင်းကို တစ်ယောက်နဲ့တစ်ယောက် ရင်ဖွင့်သင့်တယ်"

System : "ဘာပြောမှာ"

ချန်လီကောတိတ်တိတ်လေး ရေရွတ်နေသည်။
"မင်းဘုရားစာတွေဖတ်လွန်းလို့ ဦးနှောက်ချောင်သွားပြီလားဟမ်? ငါကတော့ မင်းကိုအရမ်း သဘောကျခဲ့ရပေမယ့် မင်းက ဘယ်တုန်းက ငါ့ကိုကြိုက်ခဲ့လို့လဲ။ ဟင်း...မေ့လိုက်တော့...ဒီလိုမျိုးတစ်ခုခု လုပ်ကြမယ်လို့တွေးကြည့်"

Systemက ချန်လီကောကို လျစ်လျူသာရှုလိုက်တယ်။ အချိန်ကိုတစ်ချက်ကြည့်ပြီးတဲ့ အခါမှာတော့ System က ချန်လီကောကိုအေးစက်စက်အသံနဲ့သတ်ိပေးလိုက်တယ် ။ "မင်းမှာ အချိန် 72 နာရီနဲ့ 54 မိနစ် ကျန်သေးတယ်"
ချန်လီကောကတော့ System ရဲ့ သတိပေးသံကို ကြားပြီးမျက်ရည်တောင်ဝဲသွားသည်။

သူဒီကမ္ဘာကို ကူးပြောင်းလာတဲ့အခါ ချန်လီကောဖျားနာမနေသလို လိုက်အဖမ်းခံနေရတာမျိုးမရှိဘဲ ကျန်းမာတဲ့ခန္ဓာကိုယ် ကိုတောင်ပိုင်ဆိုင်ထားသေးသည်။
ချန်လီကောတစ်ယောက် သူ၏ရိုးသားဖြူစင်လွန်းလှပါသော ချစ်ခြင်းမေတ္တာများကြောင့်နောက်ဆုံးတွင် မိသားစုဝင် System သည် မိမိအပေါ်ပြောင်းလဲလာကြောင်း အံ့သြဝမ်းသာပီတိ ဖြာနေခြင်းမှာ System မှပေးသော အချက်အလက်တွေကိုမရရှိခင် အချိန်အထိတိုင်အောင်ဖြစ်သည်။

ကမ္ဘာကြီးက အခုထိပုံမှန်ပါပဲ။ ဘာလို့ ပုံမှန်ဖြစ်နေသေးတုန်းပဲလို့ ပြောနေရတာလဲ? ဘာလို့လဲ? ဘာလို့လဲဆိုတော့ နောက်သုံးရက်လောက်ကြာရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးလုနီးပါးဖြစ်နေလိမ့်မည်။ ထူးထူးဆန်းဆန်း ဗိုင်းရပ်စ်ပိုး တစ်မျိုးက ရုတ်တရက် ပျံ့နှံ့သွားပြီး ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေရဲ့ 96%က ဇွန်ဘီတွေ အဖြစ်တိုက်ရိုက် ပြောင်းလဲသွားမည် ဖြစ်သည်။
ချန်လီကော အရင်က ဇွန်ဘီရုပ်ရှင်တွေ ကြည့်ဖူးသည်။ အဲ့အချိန်တွေတုန်းက ရုပ်ရှင်တွေ ကြည့်တဲ့အခါ သူ စိတ်ပူနေစရာမလိုဘူးလို့ အမြဲခံစားခဲ့ရတယ်၊ ဘာပဲဖြစ်ဖြစ် တစ်ချိန်လုံး ခေါင်းထဲက အတွေးတွေက ဇာတ်လိုက်ဆီမှာပဲ စုပုံပြီးတစ်ခြားအရာတွေကို တွေးတောဖို့ မေ့နေလို့လဲ ဖြစ်နိုင်သည်။ သူဒီလို အခက်အခဲတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးကို ဘယ်လိုမှ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဇွန်ဘီတွေအကိုက်ခံရပြီး ရုပ်ပျက်ဆင်းပျက်မသေချင်ရင်တော့ သူဇာတ်လိုက်တွေလိုမျိုး အတတ်နိုင်ဆုံး ကြိုးစားအားထုတ်ပြီး ကျော်လွှားရမှာပါပဲ။

Perfect Destiny (Arc 5)Where stories live. Discover now