Chapter 56(Zawgyi + Unicode) Part 1

1K 115 21
                                    

Friendly reminder 🔥
ဒီ chapter မှာ NSFW 18နှစ်အောက်မဖတ်သင့်တဲ့စာပိုဒ်တချို့ရှိပါတယ်။ အဲ့အနားလေးတွေမှာအမှတ်အသားလုပ်ပေးထားပြီးမဖတ်ချင်ရင်ကျော်ဖတ်လို့ရပါတယ်။
______________________________________
Unicode
Perfect Destiny (arc 5)
Doomsday child rearing handbook
Chapter 56 : စကားတစ်ခွန်းမှမပြောဘဲကားမောင်းမယ် (part 1)

အဆုံးမှာတော့၊ စားစရာရှာဖို့ထွက်သွားတဲ့လူတွေပြန်ရောက်လာတဲ့အခါ သူတို့တကယ်ဒုက္ခရောက်ခဲ့တယ်လို့ပြောပြခဲ့ကြသည်။

ကျန်းမင်ဖန်းနဲ့သူ့ရဲ့အဖွဲ့ကအနီးအနားမှာရှိတဲ့ရွာငယ်လေးတစ်‌ရွာကိုတွေ့သွားခဲ့ကြသည်။  အဲ့ဒီမှာဘယ်သူမှမရှိ‌တော့တာကိုမြင်ရတာ‌
ကြောင့်သူတို့‌တွေစားနိုင်သည့်တစ်စုံတစ်ခုကိုရှာ‌‌တွေ့လိုတွေ့ငြားရွာထဲသို့ဝင်သွားခဲ့ကြသည်။

ရလဒ်အနေဖြင့်၊ သူတို့ဘာအစားအစာမှတွေ့မလာခဲ့ဘဲထိုအစားပျားအုံကိုသာခေါက်မိသွားသည်။ ဘယ်နေရာကိုမဆို ဇွန်ဘီအုပ်လိုက်ကြီးရောက်ရှိလာခဲ့ပြီးသူတို့‌နောက်ကိုလိုက်လာတော့သည်။

ကံကောင်းထောက်မစွာဖြင့် ထိုနေရာတွင်ကျန်းမင်ဖန်းနဲ့ဟူယွီရုန်လည်းရှိနေခဲ့ပြီးသူတို့ဘက်ကကိုယ်စီအားထုတ်ကြိုးပမ်းခဲ့တာကြောင့် သူတို့လူတစ်ဒါဇင်ကျော်ကိုသူတို့နဲ့အတူလွတ်မြောက်လာအောင်ခေါ်ဆောင်ဖို့စီစဉ်နိုင်ခဲ့သည်။

ကျန်းမင်ဖန်းကအဖွဲကိုဦးဆောင်ခဲ့ပြီးအဲ့ဒီဇွန်ဘီ‌တွေကသူတို့အနံ့ကြောင့်သူတို့နောက်ကိုလိုက်လာနိုင်မှာစိုးရိမ်တဲ့အတွက်မြန်နိုင်သမျှမြန်မြန်လွတ်မြောက်အောင်ဆောင်ပြုလုပ်ခဲ့သည်။

သူတို့လွတ်မြောက်အောင်ကြိုးပမ်းနေစဉ်အတွင်းမှာပဲ၊ သူတို့နှင့်နှိုင်းယှဉ်လျှင်ကံဆိုးတဲ့သူတစ်ယောက်ကမမျှော်လင့်ဘဲလဲကျသွားပြီးနံရိုးသုံးချောင်းကျိုးသွားသည်။ ချန်လီကောမေးကြည့်လိုက်တော့ထိုသူကသူ့ကိုယ်‌ပေါ်ပက်ကျိတစ်ကောင်ပြုတ်ကျခဲ့တဲ့ညီအကိုလေးဆိုတာကိုသိလိုက်ရသည်။

ဆန့်ကျင်ဘက်ဖြစ်စွာဖြင့်ချန်ရှီကမျှော်လင့်ထားသလိုဒုက္ခသိပ်မကြုံခဲ့ရသလိုဘာဒဏ်ရာမှရမလာခဲ့ပေမယ့် ချန်လီကော သူ့အတွက်စိုးရိမ်နေတုန်းပဲဖြစ်သည်။ ချန်ရှီရဲ့ စွမ်းရည်ကိုမ‌ဖော်ထုတ်နိုင်တာကသူ့ကို အမြဲတမ်းဇ‌ဝေဇဝါဖြစ်စေခဲ့တယ်။ သူ system ကို မရပ်မနားဘဲအချိန်အတော်ကြာအောင်အနှောင့်အယှက်ပေးခဲ့ပေမယ့်အဖြေတစ်ခုမှမရခဲ့တာ‌ကြောင့် system က သူ့ကိုမလိမ်ဘူးလို့ယူဆလို့ရနိုင်သည်။

You've reached the end of published parts.

⏰ Last updated: Jun 12, 2023 ⏰

Add this story to your Library to get notified about new parts!

Perfect Destiny (Arc 5)Where stories live. Discover now