တိုင်ပတ်ခြင်း၏အစ
ချန်အန်း သည် မမျှော်လင့်ဘဲ ကျောင်းမှ လေ့လာရေးခရီးထွက်ရင်း တရုတ်နိုင်ငံ၏ ရှေးဟောင်းဘုရင့်နန်းတော်ထဲမှာ လမ်းပျောက်သွားခဲ့သည်။
ထို့နောက် နန်းတော်အတွင်းပိုင်းထဲ မတော်တဆရောက်သွားပြီး လျှို့ဝှက်ခန်းတစ်ခုမှ အရာဝတ္ထုတစ်ခုကြောင့် အရင် အတိတ်ကာလကို ကူးပြောင်းသွားခဲ့သည်။ထို့နောက်.......
"ဟမ်...ဒါဘယ်နေရာလည်း"
ချန်အန်း နိုးလာပြီး ဘေးပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်သည်။အကုန် ရှေးခေတ်အဆင်အယင်များဖြစ်ပြီး ကုတင်ကအစ လိုက်ကာ ပုဝါစလေး အသာ ဖုံးလွှမ်းနေသည်။ချန်အန်း လွန်ခဲ့သော တစ်ခဏက ဖြစ်ခဲ့သည်များကို ပြန်လည်သုံးသပ်ကြည့်လိုက်သည်။
'ငါ...ခဏက ကျောင်းကလေ့လာရေးခရီးနဲ့ နန်းမြို့တော်ကို သွားလေ့လာတယ် ပြီးတော့ လူကွဲပြီး လမ်းပျောက်သွားတယ်...ပြီးတော့....အာ..အဲ့အခန်း မှောင်မဲပြီး အခန်းလယ်မှာ သေတ္တာတစ်လုံးရှိနေတာ..ချီး...ငါသာ သွားမထိလိုက်ရင် အခုလိုဖြစ်လာစရာအကြောင်းမရှိဘူး အားး'
ချန်အန်း လုံးဝ နာကျင်စွာနောင်တရနေမိသည်။အခုလောလောဆယ်တော့ သူဖတ်ဖူးသော transmigrate ဝတ္ထုတွေထဲကလို ဖြစ်တော့မယ်ပေါ့။
'ဒါဆို အရင်ဆုံး ငါကဘယ်သူဆိုတာကို သိအောင်လုပ်ရမယ်။ဟား...ဒါနဲ့ system လည်းမပေါ်လာပါလား'
[ဂုဏ်ပြုပါတယ်...ကျွန်တော့်ကို ခေါ်ပါသလား]
ရုတ်တရက် ခေါင်းထဲတွင် ပဲ့တင်သံဖြင့် အသံတစ်ခုထွက်ပေါ်လာခဲ့သည်။'အား...f**k မင်းမင်း...အား ဒါဆို ငါက ရိုးရိုးပြောင်းလာတာတောင်မဟုတ်ဘူးဘဲ'
[ဟုတ်ပါတယ် ကျောင်းသားလေး မင်းက မထိသင့်တာကို ထိလိုက်တာကိုး...မင်းရဲ့ကံကြမ္မာကို လက်ခံလိုက်ပါ]
(မင်း$ကို လက်ခံ မင်းတို့ တစ်မိသားစုလုံးသာ လက်ခံလိုက်)
ချန်အန်း စိတ်ထဲကနေ လက်ခလယ်ထောင်ပြလိုက်သည်။ဘယ်သူကရော ထိချင်မှာလည်းလို့
YOU ARE READING
Unfortunately Become The King's Empress
Historical Fictionချန်အန်းဆိုသော တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် တရုတ်နိုင်ငံရှေးဟောင်းနန်းမြို့တော်ကို အလည်အပတ်သွားရာမှ လမ်းပျောက်ပြီး နန်းတော်အတွင်းပိုင်းမှ မထိသင့်သော အရာတစ်ခုကို ထိကိုင်မိပြီး ရှေးခေတ် နန်းတွင်းအချိန်ကို ပြန်လည်ကူးပြောင်းသွားရသောအခါ......