Unicode version
ကျွန်မရဲ့မမနာမည်က Jennie Kim တဲ့ ။
မမက ကျောင်းမှာ ကျွန်မထက်
အတန်းနှစ်တန်းကြီးလေတယ်
မမကတော့ အထက်တန်းကျောင်းသူဆိုပေမယ့်
ကျွန်မကတော့ အလယ်တန်းကျောင်းသူပေါ့ ။Jennie Kim ဆိုတဲ့မမရဲ့ ထူးခြားချက်က
ကျောင်းလာရင်နှုတ်ခမ်းနီပန်းနုရောင်လေးကို
နှုတ်ခမ်းပါးထက်မှာ အမြဲတစေလိုလို
ဖျော့တော့တော့လေးဆိုးလာတတ်တာပဲ။နှုတ်ခမ်းထက်ပန်းနုရောင်အဖျော့လေးနဲ့ဆိုတော့
မမက ပိုလို့ပင်ချစ်စရာကောင်းသွားသေးတယ်။
ကျွန်မရဲ့မမမို့လို့ပြောတာမဟုတ်ဘူးနော်
မမက တကယ်ကိုပကတိချစ်စရာကောင်းတာ
မျက်လုံးလဲ့လဲ့လေး နှာတံလုံးလုံးလေး
မျက်ခုံးထူထူတန်းတန်းလေးနဲ့ တကယ်ပါ
တစိမ့်စိမ့်ကြည့်လေ ပိုချစ်စရာကောင်းလေပဲ။နောက်ပြီး ချစ်စရာအကောင်းဆုံး
နေရာလေးတစ်ခု ကျန်သေးတယ်
အဲ့ဒါကတော့ မမရဲ့ကိုယ်လုံးလှလှလေးပဲ ။မမက ကျွန်မထက်အသက်ကြီးပေမယ့်
တကယ်တော့ မမရဲ့ခန္ဓာကိုယ်က
ကျွန်မထက် အများကြီးသေးပေတယ် ။
တကယ့်ကိုပုပုလုံးလုံးသေးသေးကွေးကွေးလေး။အရမ်းပဲ အသည်းယားစရာကောင်းပေတာမို့
လူတစ်ကိုယ်လုံးကိုဆွဲခါရမ်းပစ်ချင်စရာလေးပါ။မမဆိုတာကတော့ ကျွန်မစိတ်ထဲကနေ
တစ်ဦးတည်းတစ်သီးတစ်သန့်မှည့်ခေါ်ထားတဲ့
အမည်နာမလေးတစ်ခုသာဖြစ်လေတယ် ။မမကိုသာ ကျွန်မကသိတာပါ
မမကတော့ ကျွန််မကိုသိမယ်လို့တောင်
မထင်ရက်မိပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့
ကျောင်းမှာကျွန််မက မမလိုပေါ်ပြူလာ
နာမည်ကြီးတစ်ယောက်မဟုတ်ပေလို့ပဲ ။မမကတော့ပေါ်ပြူလာတစ်ယောက်ဖြစ်တဲ့အတွက်
မမကို မသိတဲ့သူကတော့မရှိသလောက်ရှားတယ်
အဲ့ဒီ့အထဲမှာမှ မမကိုနောက်ကွယ်ကနေ
တိတ်တခိုးသဘောကျနေတဲ့
ကျွန်မလည်းအပါအဝင်ပေါ့ ။မမကကျောင်းမှာစာနဲ့အားကစားအရမ်းတော်ပြီး
ရုပ်အရမ်းချောတော့ပေါ်ပြူလာဖြစ်တာလည်း
မပြောနဲ့ ။ ဒါကြောင့်ယောက်ကျားလေးချောချော
လေးတွေဆိုတာလည်း မမရဲ့ဘေးနားတစ်ဝိုက်မှာ
အမြဲတမ်းလိုလိုပင် ဝိုင်းဝိုင်းလည်နေခဲ့တာ ။
YOU ARE READING
If I am Sunflower , she is Sunlight ( One Short )
Fanfictionကမ္ဘာကြီးရဲ့ဘယ်ဘက်ခြမ်းမှာပဲ ရောက်နေရောက်နေ တည်ရှိနေတည်ရှိနေပါ မမရှိတဲ့ အရပ်ကိုပဲ ထာဝရမျက်နှာမူပြီး မမတစ်ယောက်တည်းကိုပဲချစ်မှာမို့လို့ ကျွန်မက နေကြာပန်းလေးဆိုရင် မမဟာ နေရောင်ခြည်တန်းကလေးပါပဲ ။