- unicode -
Back to memories နဲ့ ပတ်သတ်ပြီး ပြန်ရှင်းပြချင်လို့ပါ ။ One Shot လည်း ဖြစ်တဲ့အပြင် New Year နေ့အမှီတင်ချင်တဲ့ စိတ်နဲ့ ကျွန်တော်လည်း နည်းနည်းလောသွားတော့ တော်တော်များများ နားမလည်ဘူး ဖြစ်သွားကြတယ်။
Wp message box ထိ လာမေးတဲ့ အမေးများတာလေးတွေကို အရင်ရှင်းပေးမယ်နော် ။ ကျွန်တော့်အထင်လည်း အဲ့တာပဲထင်တာပဲ..တခြား မရှင်းတာတော့ မရှိလောက်ဘူးထင်ပါတယ် ။ ဒီထက်ပိုပြီး နားမလည်ရင်တော့ ကျွန်တော်လည်း သိမှာ မဟုတ်တော့ဘူးရယ်။
1) အားယွမ်နဲ့ ရိပေါ် ဖုန်းပြောနေတဲ့အချိန် ရိပေါ်နဲ့ရှောင်းကျန့်က ပြန်တွေ့ပြီး ပြန်အဆင်ပြေနေခဲ့တာ တစ်နှစ်ရှိပါပြီ။ ဒါကိုရိပေါ်က အားယွမ်ကို မပြောပြထားတော့ အားယွမ်က မသိတာပါ။ နောက်ဆုံးနားလေးမှာ One year ago ဆိုပြီး 7 နှစ်အကြာမှာ သူတို့ ဘယ်လိုပြန်တွေ့ခဲ့ကြလဲဆိုတာ ထည့်ထားပေးပါတယ်။
2) ရိပေါ်ကို အသက်လို့ခေါ်တာ ရှောင်းကျန့်ပါ..
ရိပေါ်အိပ်ပျော်သွားတဲ့အချိန် ဖုန်းကို ဆက်တိုက်ကိုင်ပြီး စာပြန်နေတာလည်း ရှောင်းကျန့်ပါ။3) ရိပေါ်ကို လိုက်လို့ရမလားလို့..မေးတဲ့တစ်ယောက်က အားယွမ်ဟုတ်ပါဘူး။ ဖြတ်လျှောက်အရံအနေနဲ့ ဒီအတိုင်းလေးပဲ ထည့်လိုက်တာပါ။ တအားတောင် မတွေးမိဘူးရယ်.. ဘာလို့ သူ့အကြောင်း အကျယ်တဝံ့မရေးလဲဆို OS ဆိုတော့ မလိုဘူးထင်လို့ပါ။
4) ရိပေါ်က ရှောင်းကျန့်ကို မမေ့ပါဘူး။ အထက်တန်း ကျောင်းသားဘဝက ပေါက်ကရအတူလုပ်ခဲ့တဲ့ သူငယ်ချင်းတွေက ကြီးလာလို့ ဘဝချင်းလည်းမတူ ၊ အခြေအနေတွေလည်း မတူတော့တဲ့အခါ.. တစ်ချို့တစ်လေ ရုပ်တွေပါ ပြောင်းကုန်တဲ့အခါ ရုတ်တရက်ဆန်တဲ့ အခြေအနေအရ မမှတ်မိရုံပါ။ အစထဲက ကျွန်တော် သေချာရေး လိုက်တယ်ရယ်။ ရိပေါ်နဲ့ ရှောင်းကျန့်ရဲ့ အခြေအနေက မိုးနဲ့မြေလို ကွာခြားကြောင်းကို.. အခု သူတို့အနေနဲ့ ပြန်တွေ့တော့လည်း အလုပ်ရှင်နဲ့ အလုပ်သမားလို ဆက်ဆံရေးမျိုးနဲ့ပဲရယ်။
သူတို့ နှစ်ယောက်က လွန်ခဲ့တဲ့ခုနှစ်နှစ်က အဆောင်မှာ ဘယ်လိုပုံစံနဲ့နေခဲ့ကြတာလဲ .. ကတုံး ပေါက်စကေလား ၊ ဘိုကေလေးလား.. ဒါမှမဟုတ် ပုပုလုံးလုံး ကလေးတွေလား၊ လူချောကြီးတွေလား ၊ လူမိုက်လေးတွေလား..ဥပမာပေါ့.. အထက်တန်းကျောင်းသား ရှောင်းကျန့်က အခု CEO ရှောင်းလောက် ကြည့်ကောင်းမနေတာကြောင့်လဲ ဖြစ်နိုင်တာပဲလေ..။ 7 နှစ်ကြာပြီးတဲ့နောက် ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်သွင်ပြင် ၊ ပုံစံ ၊ အမူအယာတွေနဲ့အတူ ရုတ်တရက်ဆိုတော့ အာရုံမထားမိရုံပါ။