Dandelion

906 87 8
                                    

 
ကျွန်တော့်အသက် ၂၃ နှစ်
၁၃ နှစ်အရွယ်မှာ ကင်စံအိမ်ကို ရောက်ခဲ့တယ်
အိမ်တော်မှာနေ့ခဲ့တဲ့ တောက်လျှောက်
ကျွန်တော်လုပ်ခဲ့ရတဲ့တစ်ခုတည်းသော
အလုပ်က  Dandelion ပန်းခင်းကို ပျိုးထောင်တာ

ကင်အိမ်တော်ရဲ့ သခင်လေးက
Dandelion ပန်းခင်းကို သိပ်နှစ်သစ်တယ်တဲ့
သူ အဂ်လန်မှာ ကျောင်းပြီးလို့ ပြန်လာရင်
Dandelion ပန်းခင်းကြီးရှိတဲ့
ကိုရီးယားမှာ အခြေချမယ်လို့ အိမ်ထိန်းက
ပြောဖူးတယ် ဒါပေမယ့် ဒီ‌ကိုရောက်တဲ့
နှစ်ကစပြီး သခင်လေးကို ကျွန်တော်မမြင်ဖူးပါ
သူအတွက် ရည်ရွယ်ပြီး စိုက်ထားတဲ့
ကျွန်တော့်ပန်းခင်းကိုလည်း
တစ်ခါမှ လာမကြည့်ဖူးသေးပါ
ဘာလို့ ပြန်မလာတာလဲ လို့တော့
ကျွန်တော် အထွန့်တက်ပြီးမမေးမိ

" ဆောင်းဟွန်း သား စာတွေလိုက်နိုင်ရဲ့လား "

" ဟုတ် "

" ဥပဒေ ယူထားတာဆိုတော့
စာတော့ အရမ်းကျက်ရမှာပေါ့
ကြိုးစားကွာ ဒါမှ မင်းလည်း
ဒီပန်းခင်းကို စောက်ရှောက်စရာမလိုတော့မှာ"

" ကျွန်တော် သံယောဇဉ် တွယ်နေပါပြီဗျာ
ထွက်သွားလို့ရမယ့် အခွင့်အရေးရှိရင်တောင်
ကျွန်တော်မသွားချင်တော့ဘူး
တခြားတယောက်က ကျွန်တော့်လို
ပန်းတွေကို ဂရုမစိုက်နိုင်မှာစိုးတယ်ဗျ "

သူ သံယောဇဉ် တွယ်နေမိပြီ
ဒီပန်းခင်းကြီးကော မမြင်ဖူးသေးတဲ့
ပန်းတို့ရဲ့ သခင်ကိုကော
Dandelion ပန်းလေးကို မှုတ်ပြီး ဆုတောင်းရင်
ဆုတောင်းပြည့်တယ်တဲ့
ဒါဆို မင်းတို့ရဲ့ သခင်လေးကို
အမြန်ခေါ်လာပါတော့
ငါ့ ပျိုးထောင်ထားတဲ့ ပန်းခင်းကို
ပြချင်လှပြီ

Uni နောက်ဆုံးနှစ်ကျောင်းသားမို့
စာတွေနဲ့လုံးနေရပါသော်လည်း
သူ့ရဲ့ အလုပ်ဖြစ်တဲ့ ပန်းခင်းကို
ရေလောင်း ပေါင်းတင်လုပ်ဖို့တော့
မမေ့ပါ
ဘယ်သူမှ အတင်းအကြပ်မလုပ်ခိုင်းပါသော်လည်း
စိတ်ရဲ့အလိုကျ လုပ်ဆောင်နေခြင်းပင်
ပန်းခင်းကြီးထဲကို ရောက်တာနဲ့
လုပ်နေကျ အလုပ်တစ်ခုဖြစ်တဲ့
ပန်းလေးတစ်ပွင့်ကို ယူလိုက်ပြီး
လေဖြင့်မှုတ်ကာ လိုရာစု တောင်းလိုက်သည်

Dandelion Where stories live. Discover now