22

978 82 12
                                    

"တောက်!!"

ရိပေါ် တောက် တချက် ခပ်ပြင်းပြင်း ခေါက်မိပြီး ဟောက်ရွှမ်းကို ဖုန်းထပ်ခေါ်တယ်...

စက်ပိတ်ထားပါတယ် ဆိုတာကလွဲ ဖြေမလာတဲ့ အဖြေစကားကြောင့် သူ့ဒေါသတွေက ဖုန်းကိုပင် ရိုက်ခွဲမိတော့မည် အထိ...

ဟောက်ရွှမ်းဆီ အခေါက်ပေါင်း မနည်း ဆက်နေမိရာကနေ ယွီပင်းဆီ ပြောင်းခေါ်မိတော့..
တော်တော်နဲ့ ကိုင်မလာတဲ့ ဖုန်း...

"ဝေ့..ရိပေါ်!"

အမောတကော လေသံနဲ့ ဖုန်းပြန်ဖြေဆိုလာတဲ့ ယွီပင်း အသံကြားသည်နှင့်...

"ယွီပင်း...အချိန်က ကပ်နေပြီ..ဟောက်ရွှမ်းက ခုထိ ငါ့ကို လာမခေါ်သေးဘူး..."

သူ့စကား သံ ကြားသည်နှင့် ‌လမ်းလျှောက်ရင်း ဖုန်းပြောနေဟန်တူတဲ့ ယွီပင်းက ခြေလှမ်းတို့ ရပ်လိုက်ပုံပင်....

"ဟင်! ဘယ်လို ဖြစ်ရတာလဲ..မနက်ကတင်..ငါသူ့ကို သေချာ ဖုန်းဆက်ထားတာပါ...
သူတောင် ငါထွက်လာချိန် တစ်ချိန်ထဲ ထွက်လာမယ် ပြောတာ..."

"အေး အခု ဖုန်းက လုံးဝကို ဆက်လို့မရတာ.."

"ဘယ်လို လုပ်မလဲ ရိပေါ်..ဒီမှာလဲ မလွယ်ဘူး!
ငါအခုထိ ရှင်းလီ ဆီ မသွားရသေးဘူး...
ပထမ တစ်ခေါက်သွားတုန်းက ရှင်း ရောက်နေလို့...
နောက်တစ်ခါက်သွားတော့ အစောင့်တွေ ချထားပြီး...သတို့သမီးကို ပွဲစမှ ပြချင်လို့ ဘယ်သူမှ အဝင် မခံဘူးတဲ့...
ငါအခု ဘယ်လမ်းက လွတ်နိုင်မလဲ လိုက်ကြည့်နေတာ..."

"ဟူး....ဘယ်လိုလုပ်မလဲ ယွီပင်း!!
ငါ့ကို ကယ်ပါဦးကွာ...ဟောက်ရွှမ်း ရောက်မလာနိုင်ရင်..ငါဘယ်လို လုပ်ရပါ့မလဲ..."

"မင်း..နည်းလမ်းရှာပြီး ရအောင် ထွက်ကွာ...
ရှင်းလီကိုတော့ မရရင် ထားခဲ့ရမှာဘဲ..
ပြီးရင် ပထမအစီစဉ်ကို ပြောင်းလိုက်တော့...

ငါ့ တိုက်ခန်း ဆီသာ မင်းသွားနေလိုက်..
အဲ့နေရာက သယ်သူမှ မသိနိုင်ဘူး...
ငါလိပ်စာနဲ့ တိုက်ခန်း password ပို့ပေးထားမယ်...ငါထင်တယ်..ငါတို့ စီစဉ်တာတွေ...တစ်ယောက်ယောက်သိသွားပြီ!"

‌ယွီပင်းပြောတာ ဖြစ်နိုင်သည်..
သူတို့ သုံးယောက်သား တိုးတိုးကျိတ်ကျိတ် တိုင်ပင်ထားတဲ့ ဒီလက်ထပ်ပွဲ ဖျက်မယ့် အစီစဉ်ကို တစ်ယောက်ယောက် သိသွားတာ...
ရှင်း ကို မျက်နှာ ပူလို့...
လီမိသားစုရဲ့ အရှက်ကွဲရမယ့် ဒီအစီစဉ်ကို ပေးမသိဘဲ သူတို့ ဘာသာ ကြံခဲ့ကြတာတောင်..
ဒါက ဘယ်လို....

Tie me down(Completed )Where stories live. Discover now