Part 2

1.8K 54 4
                                    

╔════╗
F.U.C.K
╚════╝

မြောက်ပိုင်းက နယ်မြေသစ်များကို တိုးချဲ့ဖို့ တပ်စုအလိုက်တာဝန်ပေးခံရချိန်တွင် ကပ္ပတိန်ချန်းက အရင်အခါများထက် ပိုတက်ကြွနေခဲ့သည်။ ဂျောင်တို့ တပ်ရင်းကို ကပ္ပတိန်တို့တပ်ရင်းနှင့် အတူပေါင်းကာ တာဝန်ပေးသောကြောင့် ချန်းနှင့်ဂျောင်က အနည်းဆုံးတော့ မျက်နှာလေးမြင်ရလောက်သည်။ ဂျောင်တို့တပ်စုက ကပ္ပတိန်သည် အရင်ကပ္ပတိန်အဟောင်းမဟုတ်ဘဲ တော်ဝင်အနွယ်ကနေ တစ်ဆင့်ဝင်ရောက်လာသော အတွေ့အကြုံနုသည့် ကပ္ပတိန်တစ်ဦးဖြစ်သည်။ ထို့ကြောင့်လည်း အပွဲပွဲနွှဲလာသည့် ကပ္ပတိန်ချန်းတို့နှင့် တွဲဖက်တာဝန်ချပေးခြင်းဖြစ်သည်။

နယ်မြေသစ်ကို စတင်ထွက်ခွာကတည်းက ချန်းကလည်း တက်ကြွနေရသလို ဂျောင်ကလည်း ခြေလျင်လိုက်ရသည့်တိုင် မောပန်းဟန်မပြပါ။ ချွေးစက်လေးတွေတင်နေသည့်ကြားက ပြုံးနေသော တပ်သားဂျောင်၏ မျက်နှာနုနုလေးက နေဝင်ချိန်ထက်ကို ပိုလှနေသော အလှတရားလေးပင်ဖြစ်သည်။
ခရီးကြမ်းမှာ စခန်းချနားလိုက် ခရီးဆက်လိုက်နှင့် ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာလာခဲ့သည်။

စခန်းချထားသည့်ကြား လူလစ်ရင်လစ်သလို အနမ်းတွေဖလှယ်ဖြစ်ကြသည်ကလည်း ရင်ခုန်စရာအတိပင်ဖြစ်သည်။ တပ်တွင်းအမှုထမ်းချင်း ချစ်ကြိုက်ခွင့်မရှိဆိုသော စည်းကမ်းမရှိသော်လည်း သူတို့ရဲ့ ပတ်သက်မှုကိုလူမသိအောင် ဖုံးကွယ်ထားချင်သေးသည်။ မတွေ့ရသည့်အချိန်တွေမှာ ခံစားရသည့်လွမ်းဆွတ်မှုတွေထက် တွေ့နေရပါလျက် ချစ်သူရဲ့ခန္ဓာကိုယ်ပေါ် အကြိမ်ကြိမ်နယ်ကျော်ချင်သည့်စိတ်ကို ဥပဒေနဲ့ချွန်းအုပ်ရသည်က ပိုခက်ခဲသည်။

"ရှေ့ကတောင်ကုန်းကျော်ရင် မြောက်ပိုင်းနယ်မြေသစ်တွေဆီရောက်ပြီ
စမ်းချောင်းကနေ ခွဲဖြာသွားတဲ့ နယ်မြေနှစ်ဖက်ကို ငါတို့တပ်ဖွဲ့နှစ်ဖွဲ့က တစ်ခြမ်းစီခွဲသိမ်းမယ်
အခုထိ သိမ်းထားတဲ့သူမရှိသေးတော့ လွယ်ပါတယ်
သတိထားရမှာက နယ်မြေအစပ်က မြစ်ကိုကျော်မသွားပါနဲ့ အဲ့ဒီမြစ်အကျော်မှာ တခြားဘက်ကပိုင်တဲ့နယ်မြေတစ်ခုရှိတယ်
ငါတို့က ဒီတစ်ခေါက် တိုက်ယူဖို့ထက် သိမ်းယူဖို့လာခဲ့တာဖြစ်လို့ အရင်လောက် လက်နက်အင်အား လူအင်အား မပါလာခဲ့ဘူး
အရာရာကို အသိဥာဏ်နဲ့ဆင်ခြင်ပြီး လုပ်ဆောင်ပါ
မနက်ဖြန် နေထွက်တာနဲ့ ခရီးစမယ်"

F.U.C.KWhere stories live. Discover now