part-2(unhopeful meeting)

39 1 0
                                    

Wood Castle University သည် လွန်ခဲ့သော တစ်ပတ်ကတည်းက ကျောင်းဖွင့်ရက်စတင်ခဲ့သည်။
Wood Castle သည် တက္ကသိုလ် ဝင်ခွင့်မြင့်မားသော University များထဲမှ တစ်ခုပင်ဖြစ်သည်။

ဝင်ခွင့်အမှတ် မြင့်မား၍ အရည်အချင်း ပြည့်ဝသော ကျောင်းသားကျောင်းသူများသာ တက်နိုင်သဖြင့် ထိုကျောင်းသို့ တက်ရောက်နိုင်ရန်မှာ ကျောင်းသားကျောင်းသူ တိုင်း၏ အိမ်မက်တစ်ခုပင်ဖြစ်သည်။

ထိုကျောင်းသားများထဲတွင် kim Lily တစ်ယောက်လည်း အပါအဝင်ပင်ဖြစ်သည်။ ထိုကျောင်းသို့ တက်ရောက်နိုင်ရန်အတွက် သူမ မည်မျှ အားထုတ်ကြိုးစားခဲ့ရကြောင်း သူမကိုယ်တိုင်ပင် သိလိမ့်မည်။

တစ်ယောက်တည်း လောကကြီးထဲတွင် ရုန်းကန်လှုပ်ရှားနေရသည်မှာ မည်မျှ ပင်ပန်းကြောင်း သူမကိုယ်တိုင်ပင် သိသည်။

ထို့ကြောင့်သူမ၏ အိမ်မက်မှာ တက္ကသိုလ်ကောင်းကောင်းတစ်ခု တက်ရောက်ပြီးလျှင် အလုပ်ကောင်းကောင်း တစ်ခုရရှိနိုင်ရန်ပင် ဖြစ်သည်။

သူမ၏ အိမ်မက်မှာ ရိုးရှင်းလှသည်။ သို့သော်
ထိုရိုးရှင်းလှသော အိမ်မက်လေးတစ်ခုကိုပင် အကောင်အထည် ဖော်နိုင်ရန်မှာ သူမအတွက် ခက်ခဲလှသည်။

အခြားသောသူများကဲသို့ သူမဘဝမှာ ရေကန်အသင့် ကြာအသင့် ဖြစ်မနေပေ။
အခြားသူများ၏အိမ်မက်မှာ brandedတွေဖြစ်နေပေမဲ့ သူမ၏အိမ်မက်မှာ ရှုပ်​ထွေးပွေလီလှသောလောကကြီးထဲတွင် ပုံမှန်လေး နေနိုင်ရုံနှင့်ပင် သူမအတွက် ပြည့်စုံနေပြီဖြစ်သည်။

Business class ၏ မှန်တံခါးနောက်မှ အတန်းထဲသို့ ချောင်းကြည့်လျက် တစ်စုံတစ်ခုကိုဆုံးဖြတ်ချက် ချရန်အတွက် သူမ တွေဝေနေလျက်ရှိသည်။ အတန်းချိန်ပြီးဆုံးရန် မိနစ်၂၀လောက်သာ ကျန်တော့သည့်အတွက် အတန်းထဲသို့ ဝင်သင့်နိုးနိုး မဝင်သင့်နိုးနိုး
တွေဝေနေခြင်းပင်ဖြစ်သည်။

အတန်း schedule ကြည့်မှားသည့် သူမ၏ အမှားကြောင့် ယခုတော့ ထို business class ကို ပျက်ရတော့မည်ဖြစ်ည်။ major ဖြစ်နေသော်လည်း မတတ်နိုင်။ သူမ၏ အမှားပင်။

"ကိုယ့်ကို ရှာနေတာလား ကလေးမ"

ထို​ သြရှရှ အသံနှင့်အတူ
သူမ၏ နားတွင် ပူနွေးနွေး လေပူတွေ မှုတ်ထုတ်လိုက်တာကို ရုတ်တရက် ခံစားမိလိုက်တာကြောင့် အနည်းငယ် လန့်သွားကာ ကြက်သီးတွေ ထဖြန်းမိသည်။

နောက်လှည့်ကြည့်မိတော့ မထင်မှတ်ထားသည့်
ထိုလူ့ မျက်နှာနှင့် နီးကပ်လွန်းသည့် အနေအထားသို့ ရောက်ရှိနေမှန်းသိတော့ မျက်လုံးပြူးကြည့်မိသည်။

"ကိုယ်တို့ တွေ့ကြ ပြန်ပြီနော် ကလေးမ"

ယခုတော့ ထိုလူကိုယ်တိုင် သူမကို မိတ်ဆက်လာခြင်းဖြစ်သည်။ ထိုလူနဲ့ ဒီလိုနေရာ ဒီလိုအချိန်မှာ တွေ့နေရမည့် အဖြစ်မှာ သူမလုံးဝမမျှော်လင့်ထားသည့် အရာဖြစ်သည်။
ထိုနေ့က ထိုလူ့ကို အတွေးတွေထဲ ထည့်တွေး​နေ
ခဲ့မိပေမဲ့ နောက်နေ့တွင်တော့ အတွေးထဲကနေ လုံးလုံး ပျောက်သွားခဲ့ပြီဖြစ်သည်။

Evy ကိုပင် ထိုအကြောင်းပြောပြဖို့ စဥ်းစားခဲ့ပေမဲ့
Evy ကို ပြောပြဖို့ပင် လုံးဝမေ့သွားခဲ့လေပြီ။

"ကလေးမ ကိုယ့်ကို တစ်ခုခုတော့ reply လုပ်သင့်တယ်ထင်တယ်"

Lily: "ဟင်...."

အခုချိန်ထိ တစ်ခွန်းမှပင် စကားမပြောရသေးသောသူမကို ထိုလူ သိပ်စိတ်မရှည်လာတော့ပေ။

"မင်းရဲ့ replyက 'ဟင်' တစ်လုံးထပ်မပိုတော့ဘူးလား"

ထိုအခါမှ သူမနောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး
စကားပြောရန်ပြင်လိုက်သည်။

Lily:"coffee shop က ဟိုတစ်ယောက် ဟုတ်တယ်မလား။ ဒီလိုနေရာမှာ တွေ့ရမယ်လို့ မမျှော်လင့်ထားလို့ပါ။"

"မမှတ်မိဘူးထင်တာ မင်းက အူကြောင်ကြောင်
ပုံစံနဲ့ဆိုတော့....
ဒါနဲ့ ကိုယ်နဲ့ ဘာလို့ ဒီနေရာမှာ တွေ့ရမယ်လို့ မထင်တာလဲ။"

Lily:" တစ်ခါပဲ ဆုံဖူးတဲ့သူကို ဘာတွေမျှော်လင့်နေရမှာလဲ။ ပြီးတော့ သိလည်း မသိတဲ့လူနဲ့လေ"

"မင်းရဲ့ အဖြေက ကောင်းလွန်းနေတယ်လို့ မထင်ဘူးလား bae"

Lily:"ကောင်းလွန်းမှန်း သိပါတယ်...
သွားခွင့်ပြုပါအုံး..."

သူမ သွားမည်ပြုလျက် တစ်ခုခုကို သတိရသွားဟန်ဖြင့်

Lily:"ဒါနဲ့.....မသိလူတွေ အချင်းချင်း သိသလိုမလုပ်ပါနဲ့လား....
ပြီးတော့ baeလို့ ထပ်မခေါ်ပါနဲ့
ကျွန်မ ရှင့်ကိုမသိဘူး.....။"

သူမစကားက ထို​နေရာမှာတင် သူတို့နှစ်ယောက်ရဲ့ မစတင်ရသေးတဲ့ ခင်မင်မှုကို ပြီးဆုံးသွားစေပြီပင်။

Jaden Yung:" မင်းကို ကိုယ်သိပ်စိတ်ဝင်စားနေပြီ bae....."

Part 2ကို update လုပ်လိုက်ပါပြီ။
actorရဲ့ name ကို change လိုက်ပြီးတော့
Part 1ကိုလည်း edit အနည်းငယ်လုပ်ထားတယ်နော်။ လိုအပ်ချက်ရှိနေရင် aediကို ပြောပြစေချင်ပါတယ်readers တို့ရေ။

UNCOUNTABLE LOVESWhere stories live. Discover now