ချမ်းသာကြွယ်ဝပေမဲ့ သားသမီးရတနာမရှိတာကြောင့် မပျော်မရွှင်ဖြစ်နေကြသော ဒေါ်နီလာကြွေနှင့် ဦးမြတ်မင်းခန့်သည် မိဘမဲ့ဂေဟာသို့ ကလေးမွေးစားရန်ရောက်လာခဲ့သည်။ မိဘမဲ့ဂေဟာ၏ ထောင့်လေးတစ်နေရာ၌ ချစ်စရာကောင်းပြီး ကြောက်ရွံ့နေေသာ ကောင်မလေးတစ်ယောက်အား ဒေါ်နီလာကြွေနှင့်် ဦး မြတ်မင်းခန့်တို့မှ မွေးစားရန် အိမ်သို့ခေါ်လာခဲ့သည်။ ကြောက်ရွံ့နေသော သူမအား နွေးထွေးသောအပြုံးနှင့်အတူ မွန်းမြတ်ချယ် ဟူသောအမည်ဖြင်အမွေစားအမွေခံမွေးစားခဲ့သည်။
ဂေဟာ၌မရရှိခဲ့ဖူးသော မေတ္တာချစ်ခြင်းတရားနှင့်အတူ နွေးထွေးမှုရရှိသည့် ဤအိမ်၌သူမပျော်နေခဲ့ပါသည်။ သူမ စိတ်ထဲတွင် မိဘအရင်းကဲ့သို့သဘောထားခဲ့သည်။ လိမ္မာလှသည့် သူမအား မွေးစား မိဘများသည် အလွန်ချစ်သည်။ ဂရုစိုက်သည်။ လိုလေသေးမရှိအောင် ထားသည်။
သူမစိတ်ထဲတွင် သူမကြီးလာသည့်အခါ ကျေးဇူးပြန်ဆပ်ရမည်ဟူသော အသိအား ခေါင်းထဲ ရိုက်သွင်းထားသည်။ သူမအား မွေးစားထားသည်ကိုပင် မေ့လျော့သွားအောင် ချစ်ကြသည်။ သူမဤမိသားစုသို့ ရောက်လာသည်မှာ နှစ်နှစ်ပင်ရှိခဲ့လေပြီ။"မေမေ သမီးကျောင်းကပြန်လာပြီ "
"သမီးလေးပြန်လာပြီလား ပင်ပန်းနေရောပေါ့ "
"မပင်ပန်းပါဘူး ေဖဖေရော အလုပ်ကပြန်မလာသေးဘူးလား "
"သမီးလေး ဗိုက်ဆာပြီလား "
"မဆာသေးဘူး မေမေ ဖေဖေပြန်လာမှစားကြမယ် "
"ဒါဖြင့်ရေမိုးချိုးပြီး နားလိုက်ဦး "
"ဟုတ်မေမေ ချစ်တယ် အာဘွား ရွတ် "
မေ့မေ့ပါးလေးအားနမ်းပြီး အိမ်ပေါ်သို့ပြေးတက်ကာ ခနနားပြီး ရေမိုးချိုး စာလုပ်နေသည်။ အိမ်အောက်မှ ကားသံကြားသဖြင့် ဖေဖေပြန်လာပြီဟူသောအသိကြောင့် အိမ်ပေါ်မှ ဆင်းလာခဲ့သည်။
"ဖေဖေ ပြန်လာပြီလား "
"ဖေဖေ့သမီးလေးက ဖေ့ဖေ့ကိုလာကြိုတာလား "
"ဖေဖေအလုပ်ကပင်ပန်းလာတာလား "
"မပင်ပန်းပါဘူးဗျာ ဖေ့ဖေ့သမီးလေးကြောင့်အမောပြေသွားပြီ "