Unicode

146 9 2
                                    

ချမ်းသာကြွယ်ဝပေမဲ့ သားသမီးရတနာမရှိတာကြောင့် မပျော်မရွှင်ဖြစ်နေကြသော ဒေါ်နီလာကြွေနှင်​့ ဦးမြတ်မင်းခန့်သည် မိဘမဲ့ဂေဟာသို့ ကလေးမွေးစားရန်ရောက်လာခဲ့သည်။ မိဘမဲ့ဂေဟာ၏ ထောင့်လေးတစ်နေရာ၌ ချစ်စရာကောင်းပြီး ကြောက်ရွံ့နေ​ေသာ ကောင်မလေးတစ်ယောက်အား ဒေါ်နီလာကြွေနှင်​့် ဦး မြတ်မင်းခန့်တို့မှ မွေးစားရန် အိမ်သို့ခေါ်လာခဲ့သည်။ ကြောက်ရွံ့နေသော သူမအား နွေးထွေးသောအပြုံးနှင့်အတူ မွန်းမြတ်ချယ် ဟူသောအမည်ဖြင်အမွေစားအ​​​မွေခံမွေးစားခဲ့သည်။

ဂေဟာ၌မရရှိခဲ့ဖူးသော မေတ္တာချစ်ခြင်းတရားနှင့်အတူ နွေးထွေးမှုရရှိသည့် ဤအိမ်၌သူမပျော်နေခဲ့ပါသည်။ သူမ စိတ်ထဲတွင် မိဘအရင်းကဲ့သို့သဘောထားခဲ့သည်။ လိမ္မာလှသည်​့ သူမအား မွေးစား မိဘများသည် အလွန်ချစ်သည်။ ဂရုစိုက်သည်။ လိုလေသေးမရှိအောင် ထားသည်။
သူမစိတ်ထဲတွင် သူမကြီးလာသည့်အခါ ကျေးဇူးပြန်ဆပ်ရမည်ဟူသော အသိအား ခေါင်းထဲ ရိုက်သွင်းထားသည်။ သူမအား မွေးစားထားသည်ကိုပင် မေ့လျော့သွားအောင် ချစ်ကြသည်။ သူမဤမိသားစုသို့ ​ရောက်လာသည်မှာ နှစ်နှစ်ပင်ရှိခဲ့လေပြီ။

"မေမေ သမီးကျောင်းကပြန်လာပြီ "

"သမီးလေးပြန်လာပြီလား ပင်ပန်းနေရောပေါ့ "

"မပင်ပန်းပါဘူး ေဖဖေရော အလုပ်ကပြန်မလာသေးဘူးလား "

"သမီးလေး ဗိုက်ဆာပြီလား "

"မဆာသေးဘူး မေမေ ဖေဖေပြန်လာမှစားကြမယ် "

"ဒါဖြင့်ရေမိုးချိုးပြီး နားလိုက်ဦး "

"ဟုတ်မေမေ ချစ်တယ် အာဘွား ရွတ် "

မေ့မေ့ပါးလေးအားနမ်းပြီး အိမ်ပေါ်သို့ပြေးတက်ကာ ခနနားပြီး ရေမိုးချိုး စာလုပ်နေသည်။ အိမ်အောက်မှ ကားသံကြားသဖြင့် ဖေဖေပြန်လာပြီဟူသောအသိကြောင်​့ အိမ်ပေါ်မှ ဆင်းလာခဲ့သည်။

"ဖေဖေ ပြန်လာပြီလား "

"​ဖေဖေ့သမီးလေးက ဖေ့ဖေ့ကိုလာကြိုတာလား "

"ဖေဖေအလုပ်ကပင်ပန်းလာတာလား "

"မပင်ပန်းပါဘူးဗျာ ဖေ့ဖေ့သမီးလေးကြောင့်အမောပြေသွားပြီ "

Chel Where stories live. Discover now