🔹🔸🔹
"ကျွန်မ ရှင့်ကို မကြိုက်ဘူး"
လူတစ်ယောက်တည်းဆီကနေ လေးကြိမ်မြောက် အငြင်းခံရအပြီးမှာတော့ ဂျူဟျွန်းတစ်ယောက် ဧည့်ခန်းက ဆိုဖာပေါ်မှာ ဝုန်းခနဲ ပစ်လှဲမိတော့တယ်။
"အစ်မ ငါ့မှာဘာများလိုအပ်နေလို့ ဒီလိုအကြောင်းပြချက်အမျိုးမျိုးနဲ့ ခဏခဏအငြင်းခံရတာလဲ?"
ဆူယွန်းမှာ မီးဖိုချောင်ကနေ ကော်ဖီခွက်ကိုင်ကာ ထွက်လာပြီး ဆိုဖာပေါ်က သူ့ဝမ်းကွဲညီမကို ခေါင်းခါလျက် ကြည့်လိုက်တယ်။
"ဒီတစ်ခါရော ဘာအကြောင်းပြချက်နဲ့ ငြင်းလိုက်ပြန်ပြီလဲ?"
"မျက်နှာက အရမ်းချောနေလို့တဲ့"
"ဟောတော်! အဲ့ကလေးနဲ့မှ ရုပ်ချောတာလည်း အပြစ်ဖြစ်ရပါရောလား"
ဂျူဟျွန်းမျက်နှာရှုံ့မဲ့လျက် "အကြောင်းပြချက်တွေက အလကားပါ။ ဆွန်းဝမ်က သက်သက်ညစ်နေတာပဲ"
"အဲ့ကလေး ဒီလောက်ငြင်းနေတာတောင် ဘာလို့ ဆက်လိုက်နေသေးတာလဲ?"
"သူ့ကို ငါ့ကောင်မလေး တကယ်ဖြစ်စေချင်တာကို"
"ဟင်း .. ငါလည်းမသိဘူး။ ငါ့ညီမက အရာရာပြည့်စုံရဲ့သားနဲ့"
"ဟုတ်တယ်မလား" ဂျူဟျွန်း တပ်ကူရသွားသလို မျက်လုံးအရောင်တလက်လက်နဲ့ သူ့အစ်မကို ကြည့်လိုက်တယ်။
"အကျင့်သိပ်မကောင်းတာလေးပဲ ရှိတာ"
စကားဆုံးတော့ ဆူယွန်းထံ ခေါင်းအုံးတစ်လုံး ပစ်ဝင်လာတာကြောင့် သူမ ရယ်လျက် အမြန်ရှောင်လိုက်ရတော့သည်။
***
"ထယ်ယွန်းရှင့်! ကင်(မ်)ထယ်ယွန်းရှင့်"
ပန်းချီဆွဲနေတဲ့ အခန်းထဲကို ညီမဖြစ်သူရဲ့ အသံဆာဆာလေး ဝင်ရောက်လာတာကြောင့် ထယ်ယွန်းပြုံးလျက် အနောက်လှည့်ကြည့်လိုက်တယ်။
"ဟိတ် ဘာလို့အော်နေတာလဲ ချီးထုတ်ကလေး"
ဆွန်းဝမ်က ပြုံးလျက် လက်ထဲက စက္ကူအိတ်အထုတ််လေးကို မြှောက်ပြလိုက်တယ်။
YOU ARE READING
Love Blossom In Valentine [ONE SHOT]
FanfictionTAEYEON X JESSICA (Sooyeon) WENDY (Seungwan) X IRENE (Juhyun) #TAENGSIC #WENRENE #VALENTINE_DAY_SPECIAL