Ren's Yellow Tulip

943 90 40
                                    

ညနေခင်းလေပြေသည်သိသိသာသာသာ အအေးဓာတ်စိမ့်ဝင်နေပြီဖြစ်သည်မို့ ချမ်းစိမ့်စိမ့်လေထုကြားဂျယ်မင်းကလက်ကလေးနှစ်ဖက်အားခပ်ကျစ်ကျစ်ပိုက်ကာ
ကားပါကင်အတွင်းရှိ အနက်ရောင်ကားလေးရှိရာဆီသို့
ခြေလှမ်းများအားခပ်သွက်သွက်ဦးတည်လိုက်သည်။

အသစ်လုပ်မယ့်ပရောဂျက်အတွက်ရှယ်ယာရှင်များနှင့်
အစည်းအဝေးထိုင်ရသည်မှာ 2:30နီးပါးပင်ကြာမြင့်ခဲ့သည့်အပြင် တနေကုန်နီးပါးရှုပ်ယှက်ခတ်နေသောအလုပ်များကြောင့်လူကပစ်လှဲချင်လောက်အောင်ပင် နုံးချိနေသည့်တိုင်
အတွင်းရေးမှူးကကျန်းမာရေးကြောင့်ခွင့်ယူထားသည်မို့
ကိုယ်တိုင်ကိုယ်ကျကားမောင်းကာအိမ်ပြန်ရပေဦးမည်။

ပုံမှန်အရှိန်နှုန်းနှင့်မောင်းလျှင်ပင်ကုမ္ပဏီနှင့်အိမ်၏အကွာအဝေးမှာ15minလောက်သာပျှမ်းမျှအားဖြင့်ကြာနိုင်သည့်ခရီးတစ်ခုဖြစ်သည့်တိုင် ဂျယ်မင်းက5minအတွင်းကားကိုခြံထဲစက်သတ်ကာထိုးရပ်နိုင်သည်အထိ မောင်းနှင်လာသည်။
ဒီလိုမောင်းတာကို ရွမ်..ဒါမှမဟုတ်မားမားတို့သာသိရင်
သေချာပေါက်အဆူခံရအပြောခံရဦးမယ်ဆိုပေမယ့်
မတတ်နိုင်တော့..လူကပင်ပန်းနုံးနေပြီမို့ ရေချိူးပစ်ချင်စိတ်ကသာလောနေသည်။

လှေကားလက်ရန်းပေါ်ခပ်ဖွဖွပုတ်ရိုက်ရင်းဖြင့် ဂျယ်မင်းက
အပေါ်ထပ်အခန်းဆီသို့သာခပ်သွက်သွက်ပြေးတက်လာလိုက်သည်။
အခန်းထဲရောက်သည်နှင့်ရေချိူးခန်းတံခါးကိုဆွဲဖွင့်၍
ရေပန်းအောက်သို့ရပ်လိုက်ကာမှသိသိသာသာ
လန်းဆန်းလာသည့်စိတ်က အခုမှကြည်လင်လာသယောင်။
ရွမ့်ရဲ့ရုံးဆင်းချိန်က အချိန်လုံလုံလောက်လောက်
ကျန်နေသည်မို့ စိတ်အပန်းဖြေနိုင်မည့်အချိန်ထိရေချိူးခန်းထဲ
အချိန်ဖြုန်းပြီးမှသာ ဂျယ်မင်းကအပြင်ကိုပြန်ထွက်လာသည်။

ရေစက်ကလေးများတွဲခိုနေသော ဆံနွယ်များအားသဘက်ဖြင့် ခပ်ဖွဖွသုတ်နေရင်းမှမျက်ဝန်းအကြည့်တို့သည်
ကုတင်ဘေးနားကစားပွဲပေါ်တွင် တင်ထားသောအဖြူရောင်
ဖြတ်ပိုင်းလေးတစ်ခုဆီသို့ဝေ့ဝဲမိကာမှမေ့လျော့တော့မလို့ဖြစ်ခါနီးအခြေအနေတစ်ခုကိုသတိရလာသည်ကြောင့်
ဂျယ်မင်းကလက်ဖဝါးဖြင့်နဖူးပြင်ကိုခပ်ဖွဖွရိုက်ကာ
အဝတ်လဲချင်းကိုလဲခပ်သွက်သွက်ပြင်ဆင်ရပြန်သည်။

Ren's Yellow Tulip ( Completed)Where stories live. Discover now