My Mint Hair Boy

558 50 7
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

ဒီနေ့တော့ ဒီလောက်ပဲ မနက်ဖြန်မှ ဆက်ကြတာပေါ့"

ကျောင်းသူကျောင်းသားအားလုံး ဆရာမကို နှုတ်ဆတ်ရင်း တစ်နေတာ ကျောင်းချိန်က အဆုံးသတ်သွား...

"ဆိုရာ ငါတို့ သွားနှင့်တော့မယ်နော် .."

"အင်း တာ့တာ နောက်နေ့မှတွေ့တာပေါ့"

အတန်းဖော်သူငယ်ချင်းများကို နှုတ်ဆတ်ရင်း ဆိုရာလဲ ကျောင်းဝန်းထဲက ထွက်လာခဲ့လိုက်သည်။

ညနေ ကျရင် သူမရဲ့ အချိန်ပိုင်း အလုပ်ရှိသေးတာကြောင့် တိုက်ခန်းကို မြန်မြန်ရောက်ပြီး နားချင်နေပြီလေ...

တစ်ယောက်တည်း သူမအာရုံနဲ့သူ လမ်းလျှောက်နေတုန်း အနောက်ကနေ လက်မောင်းကို လှမ်းဆွဲခံလိုက်ရတာကြောင့် လန့်သွားမိ...

ဒါပေမယ့် လှည့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ သူကြောင့် မျက်နှာရှုံမိသွား...

လာပြန်ပြီ...

ထောပတ်သီး ဆံပင်ရောင်နဲ့ လူကြီး...

" ကျောင်းက ပြန်လာပြီလား ကလေးလေး"

ဂရုမစိုက်ဘဲ လမ်းဆက်လျှောက်တော့ ဘေးကနေ လိုက်လာပြန်တဲ့သူ...

"ဟိတ်... ကိုယ့်ကို ပြန်ပြောဦးလေ...ဟိတ် ဆိုရာလေး.."

ပိုင်စိုးပိုင်နင်းနဲ့ လက်ကို လာဆွဲပြီး ပြောနေတဲ့ သူကြောင့် ဆိုရာ စိတ်ညစ်လာ...

" ဟာ.. ဘာလို့သူများလက်ကိုလာကိုင်တာလဲ လွှတ် ! "

" ဟော အခုတော့ ပြောပြီလား... ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကို ဘာလို့ ဆူပုတ်ထားတာလဲ... "

ပါးနှစ်ဖက်ကို ကိုင်ရင်း သွားဖုံး တွေပေါ်အောင်ထိ ပြုံးပြီး ပြောနေတဲ့ လူကြီး....

SUGA one shot Collection ( OC )Where stories live. Discover now