မရဲတရဲအပြုံးနှင့်လက်ပြရင်း ဝသန့်ကိုစိုင်း နှုတ်ဆက်လိုက်သည်။ ဝသန်က ခေါင်းအသာညိတ်ပြ၏။
“ငါ တောင်းပန်တယ်နော်”
ဝမ်းနည်းနေပုံရသည့်စိုင်းကြောင့် ဘာမှပြန်မဖြေပဲ ဝသန်ကြည့်နေလိုက်သည်။
“ငါသိတယ် ငါက ငတုံးဆိုတာ”
“ငတုံးထိပ်ခေါင်”
“အေး ဟုတ်တယ်”
ဝသန့်ရဲ့မကျေမချမ်းရုပ်လေးက ဆောင်းအေးလို့ထင်သည် နှာခေါင်း၊ပါးနှင့်နားရွက်တွေကပါ ရဲရဲတွတ်လို့နေ၏။
“ချစ်တာမချစ်တာ ငါမသိဘူး ငါသိတာက မင်းအနားမှာမရှိရင် တခုခုလိုနေသလိုပဲ ဘာလို့မှန်းမသိပေမဲ့ ငါ မင်းမရှိရင် မနေနိုင်ဘူးထင်တယ်”
“ညာနေတာ”
“မညာပါဘူး တကယ်ပြောတာ”
“.....”
“မင်းနဲ့ရှိရင် ငါအမြဲပျော်နေရတာချည်းပဲ မင်းက ဘယ်တော့မှငါ့ကို ဝမ်းနည်းအောင်မလုပ်ဘူးလေ”
ဝသန့်မျက်ဝန်းတို့ မျက်ရည်ကြောင့် အရောင်လဲ့လို့လာသည်။
“ကျေးဇူးပဲနော် ကောင်းကောင်း အကယ်၍ ငါ အခွင့်အရေးတစ်ခုလောက်ရမယ်ဆို မင်းကို ချစ်ကြည့်ချင်တယ် ရနိုင်လား”
“မင်း နောင်တမရဘူးဆိုတာသေချာလား”
“အင်း သေချာတယ်”
“သေချာတယ်နော် မဟုတ်ရင် ငါမင်းကိုသွားခွင့်ပေးတော့မှာမဟုတ်ဘူး”
မျက်ရည်တွေကော နှာရည်တွေကောသုတ်ပြီး ပြောနေသည့် ဝသန်ကြောင့် အနားတိုးလို့ ခေါင်းလေးကိုအသာပုတ်ပေးမိသည်။
“အင်း ရတယ်”
“မင်းပြောတာနော် ဝါး”
ရင်ခွင်ထဲတိုးပြီး အော်ငိုနေသည့်ဝသန်ဟာ တချက်တချက် သူ့အင်္ကျီစကို ဆုပ်ခြေလိုက်သေးသည်။
“အင်း မငိုနဲ့တော့နော်”
ခန္ဓာကိုယ်ချင်းကသိပ်မကွာတော့ ဖက်ထားရသည်မှာ မနည်းမနှောကြီးပင်။
“နောက်တစ်ယောက်တွေ့တယ်ကြားကြည့်အရှင်လတ်လတ်မြေမြုပ်ပစ်ပြီး မင်းကို ဘယ်သူမှမပိုင်နိုင်အောင် လုပ်မှာ”
YOU ARE READING
Unconditionally love you (Complete)
RomanceThe 1st School life Story .. November 30 .... January 9,2022