Chapter-1(အတိတ်)

174 14 0
                                    


Unicode

လုချန်းဖေး အခန်းထဲ ဝင်လာတဲ့အချိန်မှာ ချန်းချန်ချင်း သည် အိပ်ပျော်နေပြီးဖြစ်သည်။

ချန်းချန်ချင်း ခန္ဓာကိုယ် သည် ပြုတ်ထားတဲ့ပုဇွန်ထုတ်လို သဘာဝမကျစွာ
ကွေးနေပြီး သူ့ရဲ့ဆံပင်ရှည်တွေသည်လည်း သူရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကိုဖုံးအုပ်ထားသည်။သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး သည်လည်း စာရွက်လိုပင် ပိန်လှီနေသည်။

လွန်ခဲ့သော်၅နှစ်က ချန်းချန်ချင်း သည် ရုပ်ရည်ချောမော၍ ကျက်သရေရှိသည်၊စန္ဒရား ကိုလဲ လှပစွာတီးတတ်သည် ထိုကဲ့သော အရည်အချင်းတွေရှိခဲ့သည်။သူပြုံးလိုက်လျှင် သူ့မျက်နှာပေါ်တွင် ပါးချိုင့်နှစ်ခု ပေါ်လာတတ်သည်။သူသည် ဇာတ်ကားထဲက မင်းသားတစ်ပါးနဲ့တူပြီး သူနှင့်ပတ်သတ်တဲ့ အရာအားလုံးသည် ပြီးပြည့်စုံခဲ့သည်။

ဒါပေမဲ့ အခုချိန်တွင်....လုချန်းဖေး ဆက်လျှောက်သွားလိုက်ပြီး ချန်းချန်ချင်း၏မျက်နှာကို ထိဖို့ လက်ကိုဆန့်လိုက်သည်။

ချန်ချန်ချင်း က အရမ်းကို ပိန်လျီနေသည်။သူ့ ဦးခေါင်းခွံတောင် သူ၏ဖြူဖျော့နေသောအရေပြားကနေတစ်ဆင့်ဖောက်မြင်နေရသည်။လုချန်းဖေး ထိတာခံလိုက်ရသောအခါ သူလုပ်နေကျအတိုင်း သူ၏နှုတ်ခမ်းမှ ကြောက်ရွံ့သော ညည်းသံဖျော့ဖျော့လေးထွက်လာသည်။

ဒါပေမဲ့ အဆုံးသတ်မှာတော့ သူနိုးမလာခဲ့ပေ။ဒါမှမဟုတ် သူနိုးနေသော်လည်း သူ့မျက်လုံးကို ဖွင့်ဖို့ မလိုလားတာလဲ ဖြစ်နိုင်သည်။

ချန်းချင်ချင်း တွင် ထူထဲပြီးနက်မှောင်သော မျက်တောင်ဖြင့် လှပသောမျက်လုံးတစ်စုံရှိသည်။လူတစ်ယောက် ကို စိုက်ကြည့်လိုက်လျှင် စကားပြောနေသယောင်ထင်ရသော ကြည်လင်သည့် မျက်လုံးတစ်စုံရှိသည်။လုချန်းဖေး သည် ချန်းချန်ချင်း ကိုအရမ်းသဘောကျသည်၊ပြီးနောက် သူ၏မျက်လုံးတစ်စုံ အားပိုလို့တောင်သဘောကျသေးသည်။

သို့သော် ဘယ်လိုအကြောင်းအရင်းနှင့်မှ လုချန်းဖေး သည် ချန်းချန်ချင်း ဆီက ဂရုစိုက်ချင်း ရတော့မည်မဟုတ်ချေ အဘယ်ကြောင့်ဆိုသော်....အခု သူ့ချစ်သူသည် မျက်စိမမြင်တော့သောကြောင့်ဖြစ်သည်။

Turn Out I'm Crazy(MM Translation )Where stories live. Discover now