𝟑 🌺

1.6K 233 13
                                    

Unicode
🌺🌺🌺

*( ကိုယ့် story , Fic တွေကို tiktok မှာလုံး၀ပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ plot တွေလည်းမခိုးပါနဲ့ )*
____×____×____×____

ညနေစောင်းတော့ Jungkook တစ်ယောက် မင်းသားလေး taehyung ခေါ်လာရာ ပွဲဈေးထဲသို့ရောက်လာခဲ့သည်။

"အထိန်းတော်ကြီးနဲ့မဟုတ်ပဲ မင်းနဲ့လာရလို့ ကောင်းလိုက်တာ"

'ဟုတ်ကဲ့ အရှင့်သား'

"ဘာတွေအံ့ဩပီးလိုက်ကြည့်နေတာလဲ မင်းတို့ဆီမှာရော ဒီလိုပွဲဈေးမျိုးတွေမရှိဘူးလား"

'အာ ရှိတော့ရှိပေမယ့် ပုံစံကလုံး၀ခြားနားလို့ပါ'

"ဟုတ်လား"

ပွဲဈေးထဲတွင် လူတွေအမြောက်အများနှင့်စည်ကားလျက်ရှိပီး ဈေးဆိုင်တွေမှာလည်း အပြည့်ပင်ဖြစ်သည်။ တကယ်ကိုနန်းတွင်းကားတွေထဲမှာကြည့်ခဲ့ရတဲ့အတိုင်းပင် ဖြစ်သည်။

ထို့နောက်တွင်တော့ ဟိုဆိုင်၀င်ဒီဆိုင်၀င်နဲ့ပျော်ပါးနေသော မင်းသားလေးကိုကြည့်ပီး Jungkook တစ်ယောက်အံ့ဩနေရ၏။ ခုနကမောက်မာပုံဖမ်းထားပီး သူ့ကိုအော်ငေါက်နေတဲ့မင်းသားလေးက အခုတော့ ကလေးလေးကျလို့ပင်။

"ဟေ့ ! ဒီကိုမြန်မြန်လာပါဆို ဒီ၀တ်ရုံတွေကအရမ်းကောင်းတယ် ငါဒီနေ့ပျော်နေတာမို့ မင်းကို၀တ်ရုံ၀ယ်ပေးမယ် ကြိုက်တာရွေးလိုက်"

'တကယ်ကြီးအရှင်မင်းသားက ကျွန်တော့်ကို၀ယ်ပေးမှာလား'

"ဟုတ်ပါတယ်ဆို ရွေးလိုက် ရွေးလိုက်"

Jungkook ပြုံးမိသွားသည်။ ထိုကောင်လေးကို ထိုကဲ့သို့သဘောကောင်းလိမ့်မယ်လို့မထင်ထားခဲ့။

'ကျွန်တော် ဒီဟာလေးယူမယ်'

"ဟုတ်ပီ ငါ့လိုစေတနာကောင်းလွန်းတဲ့သူနဲ့တွေ့တာ မင်းအရမ်းကံကောင်းတယ်"

Jungkook မှာ ခုနကချီးကျူးထားတဲ့စိတ်လေးတောင် ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ရသည်။ ဒီကောင်လေးက ဘယ်လိုတောင် လေလုံးကြီးရတာပါလိမ့်နော်။

𝐌𝐲 𝐋𝐨𝐯𝐞 𝐅𝐫𝐨𝐦 𝐀𝐧𝐨𝐭𝐡𝐞𝐫 𝐖𝐨𝐫𝐥𝐝Where stories live. Discover now